အပိုင်(24)

1K 61 6
                                    

ဘာလိုလိုနဲ့ ရှိုင်းနဲ့ယံယံ မျှော်လင့်နေတဲ့နေ့ကိုရောက်လာခဲ့ပြီ ဒီလိုနေ့ကိုရောက်ဖို့အခက်အခဲတွေအတိုက်အခိုက်အ မျိုမျိုးနဲ့‌‌ကြုံတွေခဲ့ရတယ် ရီလိုက်ငိုလိုက်နဲ့ စိတ်ဆိုးလိုက်ချော့လိုက် သဝန်တိုလိုက် ပြတ်လိုက်နဲ့ ပြန်အဆင်ပြေလိုက်နောက်ဆုံးတော့ အခက်ခဲတွေကျော်ဖြတ်ပြီ လှပတဲ့ ကမ္ဘာလေးကိုဖန်တီးဖို့ အချိန်‌ကျရောက်လာပြီး

" ကိုကို မပြီသေးဘူးလား

အပြင်ဘက်ကနေ  အသံလေးကြားတော့ ရိူင်းမှန်ရှေ့ကနေ ထသွားလိုက်ပြီတံခါးဖွင့်ပေးလိုက်တော့

တိုက်ပုံအကျီအဖြူနဲ့ ပုဆိုးအဝါရောင်လေးကို ဝတ်ထားပြီးရင်ဘတ်မှ ပန်းခတ်ကလေးထိုးတဲ့ ကောင်းလေးဟာဆိုရင်မိုးပေါ်ကကျလာတဲ့နတ်သားလေးလို့တောင်ထင်ရတယ်

မျက်နှာပေါ်မှာဘာဆိုးဆေးအကူအညီမှမပါဘဲ ကြည်လင်သန့်ရှင်းနေပြီး  နူတ်ခမ်းသားတို့ဟာလေး နဂိုမူလအတိုင်းရဲရဲနီနေသည် ဆံပင်အုပ်အုပ်လေးကို အဆီလိမ်းပြီး အပေါ်ကိုသိမ်းတင်ထားပုံက လူကြ‌ီးပေါက်စလေးလို အမြဲတမ်း ဘောင်းဘီနဲ့ဘဲ အနေများတဲ့ကလေးက အခုလို ပုဆိုးလေးဝတ်ထားပြန်တော့လဲ တစ်မျိုးတစ်ဖုံကြည့်ကောင်းနေပြန်သည်။

"ကိုကို ဘာလို့လူကိုအတင်းစိုက်ကြည့်နေတာလဲ ကြာတော့ယံယံရှက်လာပြီး

ရိူင်းအကောင်ပေါက်လေးကိုဆွဲဖက်လိုက်ပြီး ရင်ခွင်ထဲထည့်ထားလိုက်တော့သည်။

" ကိုယ်ရဲ့အမျိုးသားလေကအရမ်းချစ်စရာကောင်းနေတော့ ကိုကိုက ကြည့်မိတာပေါ့

ကိုယ်ရဲ့အမျိုးသားလေးဆိုရင်နာမ်စားလေးကြောင့်ရင်ထဲမှကြည်နူးမူက ပြောမပြတက်အောင်  ကိုယ်အပိုင်ဆိုတဲ့ အသိစိတ်လေးတင်တခြားဘာမှမလိုအပ်သည်အထိ ပြည့်စုံနေပြီ
ဒီလူသားနဲ့ ကိုယ်ပေါ်ဂရုစိုက်မူနွေးထွေးကြင်နာမူ တွေကိုခံစားမိတဲ့အချိန်တုံး မျက်ရည်ကျမတက် ဝမ်းသာမိသည်။

" ပြွတ် 

ယံယံကိုကို ရင်ခွင်ထဲကနေမော့ပြီး ကိုကိုရဲ့ နူတ်ခမ်းလေးကို နမ်းလိုက်ပြီး

ကိုယ့်ရဲ့မြတ်နိုးရာWhere stories live. Discover now