အပိုင်း(11)

1.5K 97 5
                                    

ကိုယ်ချစ်သူကိုရင်ခွင်ထဲထည့်ပြီ နိုးထလာရတဲ့မနက်ခင်းက ဘာနဲ့မှမလဲနိုင်တဲ့ပြည့်စုံမူတစ်ခုဘဲ ရင်ခွင်ထဲတိုးဝင်ပြီ ခါးကိုတင်းနေအောင်ဖက်ထားတဲ့အကောင်ပေါက်လေးက

ကျတော်ကိုထွက်သွားမှာဆိုးသည်အလား ခြေထောက်တွေလက်တွေအကုန်လုံးကျတော်ပေါ်ပစ်တင်ပြီ စိတ်ဆေးလက်ဆေးအိပ်ပျော်နေသည်။ တစ်ဖက်စောင်းပြီအိပ်နေမလို့ပါးတစ်ကဖိမိနေနူတ်ခမ်းလေးကရှေ့ကိုထော်လို့နေပြီမျက်တောင်ရှည်ကြီးတွေကပါးပေါ်ကိုယှက်ဖြာကျနေသည် နေရောင်နွေးနွေးက မျက်နှာပေါ်ကျရောက်လာတော့ အကောင်ပေါက်လေး ရင်ဘတ်ထဲကိုဝင်ပြီ နေရောင်ခြည်ကိုပုံးရှောင်နေသည်

ဖြစ်နိုင်ရင် အကောင်ပေါက်လေး မနက်ခင်းတိုင်း ကျတော်ရင်ခွင်ထဲကနေနိူးထစေချင်သည် ညကနောက်ကျမှအိပ်ရတဲ့အကောင်ပေါက်လေးကိုမနိူးရက်တာမလို့အကောင်ပေါက်လေးကိုအသာဖယ်ပြီ ကိုယ်လက်သန့်စင်ဖို့ရေချိုးခန်းထဲကိုဝင်ခဲ့တော့သည်
ကိုယ်လက်သန့်စင်ပြီးလို့ထွက်လာတဲ့အချိန်ထိအကောင်ပေါက်ကလေးက မနိုးသေးတာကြောင့် အောက်လျှောနေတဲ့စောင်လေးကိုသေချာပြန်ခြုံပေးလိုက်ပြီ

" ကိုယ်ရဲ့အိပ်ပုတ်လေး ကိုယ်သွားတော့မယ်နော်

"ပြွတ်

ရိူင်းအကောင်ပေါက်လေးရဲ့နူတ်ခမ်းကိုတစ်ချက်နမ်းပြီအခန်းထဲကထွက်လာခဲ့တော့ တစ်ယောက်သောသူကတော့အိမ်မက်ကမ္ဘာထဲမှာ သာယာနေသည်

" အစောကြီးရှိသေးတယ်ငါတူကနိူးလာပြီလား

"ဟုတ်ကျတော်ဆေးရုံပြန်သွားရအုံးမှာမလို့

"ဟုတ်သားဘဲ အန်တီမနက်စာလေးလုပ်ထားတယ်ယူသွားလိုက်နော်

"ဟုတ်ကျေးဇူးပါဗျ

"ရပါတယ်နောက်လဲအိမ်ကိုလာခဲ့နော် မင်းအမေကိုလဲပြောလိုက်ပါအုံး အားရင်အိမ်ဘက်လာခဲ့အုံးလို့

"ဟုတ်ကျတော်ပြောလိုက်ပါမယ် အဲ့တာဆိုကျတော်သွားပြီးနော်

"ကားကိုဂရုစိုက်မောင်းသွားနော််

ရိူင်းအန်တီကိုပြောပြီအိမ်ပြန်ရေမိုးချိုးရ‌ေတာ့သည်ပြီးတာနဲ့ဆေးရုံကိုမြန်မြန်ပြေးရတော့သည် အခုချိန်ဆိုမိသံဇဉ်တစ်ယောက်ရိူင်းကိုတွေ့တာနဲ့သတ်ချင်နေလောက်ပြီ အသတ်မခံရအောင် လမ်းကသူကြိုက်တဲ့ဟာလေးဝယ်သွားမှတော်ကာကျလိမ်မည်မဟုတ်ရင်နောက်ဘုရားပွင့်တဲ့အထိ ပြောလို့ပြီးမှမဟုတ်လောက်ဘူး

ကိုယ့်ရဲ့မြတ်နိုးရာWhere stories live. Discover now