အပိုင်း(3‌)

2.9K 137 3
                                    

"သားရိူင်း မထသေးဘူးလားနေမြင့်နေပြီနော် တော်ကြာဆေးရုံသွားတာနောက်ကျနေမယ်နော်"

"ထပါ ပြီအမေရဲ့သားရေချိုးပြီးအောင်ထပ်ဆင်းခဲ့မယ်‌"

"အေးအေးရေလဲမြန်မြန်ချိုးနော် အကြာကြီးလုပ်မနေဲ့ ကြားလားသားရိူင်း"

"ဟုတ်ကဲ့ပါဗျ"

ဒေါ်နန်းဝေ သားတော်မောင်ကိုနိူးပြီ မနက်ဆာပြင်နေလိုက်တော့သည် သားတော်မောင်ညကနောက်ကျမှပြန်ရောက်တာ အိပ်ရေးမှဝရဲ့လားမသိဘူး

အမေထွက်သွားမှ အဝတ်စားတွေချွတ်ပြီ သဘတ်ကိုခါးပတ်ကာရေချိူးခန်းထဲဝင်လာလိုက်တော့သည် ညက နောက်ကျတဲ့အပြင် ဟိုအကောင်ပေါက်လေး အကြောင်းပြန်တွေးနေတာနဲ့ တော်တော် ညည့်နက်မှ အိပ်ယာဝင်ရသည်

နာမည်လေးကကောင်းကင်ယံတဲ့ နာမည်နဲ့လူနဲ့လိုက်ဖက်ပါတယ် နာမည်လေးလှသလိုလူလေးကလဲချစ်စရာ စွာလိုက်တာကလဲပြောမနေနဲ့ ရိူင်းဒီကောင်လေးအကြောင်းတွေးလိုက်တဲ့ ရင်ဘတ်ထဲက အကောင်ကအငြိမ်ကိုမနေတော့ဘူး နာမည်လေးတလိုက်တာနဲ့ ရင်ထဲကိုနွေးထွေးနေရော  ဒီကောင်လေးနဲ့ နောက်ထက်ပြန်ဆုံချင်သေးတယ်

တွေးနေတာကို ရပ်ပြီးရေမြန်မြန်ချိူးလိုက်ပြီ ဗီရိုထဲက အနက်အောင်လက်တိုနဲ့အိမ်နေရင်းဘောင်းဘီတိုကိုဝတ်ပြီးဆင်းလာခဲ့တော့

"သားရိူင်းထိုင်ဒီနေ့ သားကြိုက်တဲ့ မုန့်ဟင်းခါးချက်ထားတယ် "

"အမေကသားအကြိုက်ကိုချက်ပေးထားတာဘဲအဲ့တာကြောင့်အမေ့ကိုချစ်တာ___မွ "

ရိူင်းထိုင်နေရာကနေပြန်ထလိုက်ပြီအမေပါးကိုတစ်ချက်နမ်းလိုက်သည် အမေ့ပါးမှလိမ်းထားတဲ့သနပ်ခါးနံလေးက မွှေးကြိုင်နေတာဘဲလူစိတ်မကြည်တာတောင်ပျောက်သွားသည်

"အမေသားကချွဲ‌နေပြန်ပြီ ကိုယ်ကို ကိုယ် 16နှစ်သားလေးများမှတ်နေလားဘယ်ချိန်မှ မိန်းမယူမှလဲ သား"

"အမေကလဲသားကိုကြိုက်မဲ့သူမရှိပါဘူးဆိူနေ ပြီးတော့သားမိန်းမလဲမ ယူချင်သေးဘူး"

"မိန်းမယူချင်တော့မင်းကဘာယူချင်တာလဲသားရိူင်း"

" ဘာမယူချင်ပါဘူးအမေရဲ့သားက အမေနဲ့အတူတူနေချင်သေးတယ် သားတကယ်ချစ်ရတဲ့သူတွေ့ရင်။ အမေကိုအရင်ဆုံးပြောပြပါမယ်နော်"

ကိုယ့်ရဲ့မြတ်နိုးရာTempat cerita menjadi hidup. Temukan sekarang