"အဲ့တာဆို မင်းတို့နှစ်ယောက်အကြောင်းကို နှစ်ဖက်မိဘတွေ အကုန်သိသွားပြီပေါ့
"အေး
" အဲ့တာဆိုငါတို့စားရတော့မှာပေါ့
" စားတော့ စားရမှာ ဒါပေမဲ့ကြာအုံးမှာ
" ဘာဖြစ်လို့လဲ
" ယောက္ခထီးကြီးက ငါကို သူသားနဲ့ သိပ်ပြီးမပေးစားချင်ဘူးဟ
"ရိူင်းရယ်နင်ကလဲတုံးလိုက်တာ မပေးစားချင်ရင်တစ်ခါထဲငြင်းမှပေါ့ဟ နင်ယောက္ခထီးကြီးကသူသားကိုနင်ဘယ်လောက်ချစ်လဲသိချင်လို့စောင့်ကြည့်ချင်နေတာဖြစ်မှာပါ
" ဟုတ်မှာပါ
"တကယ်တော့လေ ကောင်းကင်ယံက ချစ်စရာလေး ငရိူင်းနဲတောင်မတန်ဘူး
"အဲ့လိုလား ငါကတော့အစက ဒီည နင်နဲ့သူရကို တစ်ဝိုင်း ပေးမလို့ အခုတော့
"ဟီးဟီးသူငယ်ချင်းကလဲငါကစတာပါ
ထိုအချိန်အခန်းထဲဝင်လာတဲ့ အကူကောင်မလေးတစ်ယောက်
" ဒေါက်တာအပြန်ဘက်မှာ ဧည့်သည်ရောက်နေတယ်
" ဘယ်သူလဲ
"ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ပါ
"ခဏနေလာခဲ့မယ်နော်
"ရိူင်းဘယ်သူလဲ
" ငါလဲဘယ်သိမလဲ ငါသွားကြည့်လိုက်အုံးမယ်
"အေးအေး
ရိူင်းဧည့်တွေ့တဲ့နေရာဘက်ကိုထွက်လာခဲ့တော့သည်။
အပြင်ဘက်မှတော့ စစ်ပွဲ ဆင်နွဲ့နေကြတဲ့လူနှစ်ယောက်ရှိသည်။
" ပြန်တွေ့ပြန်ပြီနော် မင်း တို့ပြောတာကိုနားမလည်တာလား
"ကျွန်တော်ပြောထားတာကိုရော အမနားမလည်တာလား
" အဟက် ရိူင်းကမင်းကိုတကယ်ချစ်တယ်ထင်နေတာလား ဒီနေ့ မင်းကြည်နေလိုက် ရိူင်းက ဘယ်သူကိုအရေးပိုပေးလဲဆိုတာကို
"အမလဲ သေချာစောင့်ကြည့်နေလိုက်ပါ ကိုကိုက ဘယ်သူကို အရေးပေးမလဲဆိုတာကို
ယံယံရှေ့ကအမကို ဆံပင်မွှေးဆွဲအောင့်ပြီး ငါရည်းစားကို စနိူက်ချင်အုံးဆိုပြီးပါးတွေကြည့်သာလှိမ့်ချပစ်ချင်သည်။