"ကောင်းကင်ယံ ငါမင်းနဲ့စကားပြောစရာရှိတယ်
"ငါနောက်ခဏလိုက်ခဲ့
ယံယံနဲ့ဝေယံတစ်ယောက်တစ်လှည့်စီကြည့်ပြီ တော်တော်နဲ့ဘာစကားမှပြန်မပြောနိုင်ဘဲကြောင်နေကြတယ်
ဝေယံ ဒီအမကိုမြင်ဘူးပါတယ် လို့စဉ်းစားနေတာ ဟိုတစ်ခါက ကိုရိူင်းနဲ့ ဟော့ပေါ့ဆိုင်မှတွေ့ခဲ့သူဘဲ ယံယံနဲ့ ဘာများပြောစရာရှိလို့လဲဆိုတော့မစဉ်းစားတက်
"ကျတော်အမကိုမသိဘူး အမနောက်လဲမလိုက်နိုင်ဘူး
ယံယံပြန်ပြောတော့ရှေ့ကအမကစိတ်မရှည်သလိုမျိုးပုံစံနဲ့ပြန်ပြောလာတယ်
"ဒီမှာမင်းငါကိုမသိပေမဲ့ငါမင်းကိုသိတယ် ငါမင်းနဲ့ပြောစရှိတယ် ငါနောက်လိုက်ခဲ့
"အမပြောချင်ရင်ဒီနားမှပြောလေ
သူရယံယံ ဘက်ကနေဝင်ပြောလိုက်တော့
"ကောင်းကင်ယံ ငါပြောမှာက ရိူင်းအကြောင်းမင်းလဲသိချင်တယ်ထင်မှာပါ ဘယ်လိုလဲ
ယံယံ ခဏတော့တွေးဝေသွားတယ် ကိုကိုနဲ့ဒီအမက ဘယ်လိုများပတ်သတ်တာလဲ ပြီးတော့ ကိုကို အကြောင်းပြောပြမယ်ဆိုတော့ဘာအကြောင်း ပြောပြမှာလဲ ကိုကိုနဲ့ပတ်သတ်တာဆိုရင်တော့ ယံယံသိသင့်တယ်လို့ ထင်တယ်
" ပြီးရောလေကျတော်လိုက်ခဲ့မယ်
"ယံယံငါရောလိုက်ခဲ့မယ်လေ
"ဒီမယ်ကောင်းလေး မင်းကိစ္စမဟုတ်ဘူး မင်းလိုက်ဖို့လဲမလိုဘူ။
သူရပြန်ပြောကြံကာရှိသေးတယ်ယံယံကလက်ကိုလာကိုင်လိုက်တာကြောင့်ကြည့်လိုက်တော့။ ပြန်မပြောနဲ့ ဆိုတဲ့သဘောနဲ့ ခေါင်းယမ်းပြနေတာနဲ့ ဝေယံဘာမပြောဘဲနေလိုက်တော့သည်
"ဝေယံ မင်းအရင်ပြန်နှင့်လိုက် ငါ့အမေကမေးရင်သွားစရာရှိလို့ပြောပေး
"အင်း အဲ့တာဆိုငါပြန်ပြီးနော် ဂရုစိုက်
သွားခါနီး ဝေယံ နားနားကပ်ပြီးပြောသွားတဲ့စကားကြောင့် ယံယံ ရီချင်စိတ်ကိုမနည်းထိန်းထားလိုက်ရတယ်
ကော်ဖီဆိုင်မှာရောက်နေတာ
နာရီဝက်ခန့်ရှိပြီ ပြောစရာရှိတာကိုမပြောဘဲ ယံယံကိုသာစိုက်ကြည့်နေတာတော်တော်ကြာနေပြီ နောက်ဆုံး မနေနိုင်တော့ယံယံဘက်ကစပြီဘဲပြောလိုက်လိုက်ရတော့သည်