အပိုင်း(28)

2K 59 7
                                    

အခက်ခဲတွေ ကျော်လွန်ပြီးတဲ့အခါမှာတော့ ပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်လာရပြီး။

မနက်နိူးထလာတဲ့အချိန်တိုင်း ကိုယ်ချစ်ရတဲ့သူရဲ့ ရင်ခွင်ထဲကနေ နိူးထလာပြီ နှစ်ယောက်တူထမင်းဝိုင်းလေးကလဲ တစ်နေတာအတွက်အားအင်အပြည့်နဲ့ ။

အဆင်မပြေမူတွေနဲ့အားငယ် မူတွေ ရှိရင်တောင် ထိုလူသားရင်ခွင်ထဲတိုးဝင်ပြီး မှေးစက်လိုက်ရင် အဆင်မပြေမူတွေကိုရင်ဆိုင်ဖို့ခွန်အားတွေ ရှိလာပြီး အရာရာကို ရင်ဆိုင်နိုင်သည်အထိ အချစ်ကစွမ်းအားကြီးမားသည်။

အချစ်ကြောင့်ဘဲလူတွေက ငိုတက်လာသလိုအချစ်ကြောင့်လဲ လူတွေက ရီတက်လာတယ် အချစ်ရဲ့စွမ်းအားကြောင့် မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေမရှိသလောက်ရှားပါးတယ်

ရိူင်းနဲ့ယံယံအတူတူရှိလာတာဆိုရင် ဘာလိုလိုနဲ့ အိမ်ထောင်သတ်တမ်း တစ်နှစ်‌လောက်ရှိပြီး

တစ်နှစ်အတောအတွင်းမှာလဲ စိတ်အခန့်မသင့်မူတွေ ပြသာနာခဏခဏဖြစ်ခဲ့တယ် ယောင်္ကျားလေး‌နှစ်‌ယောက်အတူတူဘဝကိုတည်ဆောက်ထားတာမလို့ ကဲ့ရဲ့ အပစ်တင်တဲ့သူတွေကလဲအများအပြား

အဲ့လိုအရာတွေကိုအကောင်ပေါက်လေးရဲ့လက်ကိုဆုပ်ကိုင်ပြီး ကျော်ဖြတ်ခဲ့ရတယ် မောပန်းမူတွေရှိလာရင်တောင်အကောင်ပေါက်လေးရဲ့ အပြုံးချိုချိုလေးနဲ့ အိမ်ကနေဆီးကြိုနေတဲ့ မျက်နှာလေးကြောင့် မောပန်းမူတွေက ယူပစ်လိုက်သလိုချက်ချင်းပျောက်သွားတယ်

" ကိုကိုရေ မပြီးသေးဘူးလား သူများတွေစောင့်နေပြီး

"ပြီးပါပြီကွာ ကိုကိုက ယံယံ‌ကားပေါ်မှာမူးရင်သောက်ဖို့ ကားမူးပျောက်ဆေးတွေထည့်နေလို့ပါ

ရိူင်းတို့တွေ မန္တလေးမြို့ကိုဒုတိယမြောက်အလည်သွားဖို့ ပြင်ဆင်နေကျတာပါအခုဆို သူရနဲ့ ဝေယံကလဲ ရည်းစားတွေဖြစ်သွားကြပြီး နှစ်ဖက်မိဘတွေကလဲ သဘောတူတာမလို့ အေးအေးဆေးဆေးဘဲအခုထိရည်းစားမရသေးတာကတော့ အပျိုကြီးမမ မိသံဇဉ်ပါဘဲ သူလဲဘယ်တော့ မိန်းမရလဲမသိဘူး

"မင်းတို့မပြီးသေးရင်လဲနေခဲ့ကြကွာ စောင့်ရတာတရေးတောင်ရတော့မှာ

ကိုယ့်ရဲ့မြတ်နိုးရာWhere stories live. Discover now