"မင်းပြောဘယ်သူမှားလဲဆိုတာကို အီးဟီး အေ့
"မင်းမှန်တယ် ကိုရိူင်းမှားတာ
" အီးဟီး အခုငါကိုကောင်လေးထပ်ရှာပေး အဲ့လူထက်ကောင်းတဲ့သူရှာပေးကွာ အီးဟီး
ဝေယံ ကလပ်ထဲမှငိုနေတဲ့ယံယံကိုဘယ်လိုချော့ရမလဲမသိတော့ပါ တစ်ချိူ့လူတွေက လဲ ကျတော်တို့ကို လှည့်ကြည့် လှည်ကြည့်နဲ့
"မငိုပါနဲ့ကွာ ငါရှာပေးမယ် အခုတော့မငိုနဲ့တော့ လူတွေငါတို့ကို ကြည့်နေပြီး
"ကြည့်ကြည့်ပေါ့ကွာ ဘယ်သူမှဂရုမစိုက်ဘူး အေ့
ဝေယံပြောမှပိုဆိုးလာတာကြောင့် ငိုသာငိုလိုက်ချင်တော့သည် ။ ယံယံကလဲမသောက်နိုင်ဘဲနဲ့ ဇွတ်သောက်နေသည် သူမူးလာရင်ကျတော်တစ်ယောက်ထဲနိုင်မှမဟုတ်ဘူး
"ယံယံတော်တော့နော် ထပ်မသောက်နဲ့တော့ မင်းပြန်ရအုံးမယ်လေ
"သောက်မှဘဲကွာ ဒီည ဒီဆိုင်ကဟာတွေ အကုန်သောက်မှာ
"ဟေးမင်းတို့နှစ်ယောက်ထဲလား ကိုယ်တစ်ယောက်ထဲအဖော်မရှိလို့ မင်းတို့နဲ့ ဝိုင်းလို့ရမလား
ဝေယံကြည့်လိုက်တော့ အသားညိုညို ခပ်မိုက်မိုက်လူတစ်ယောက် ကြည့်ရသလောက်က တကယ်အဖော်မပါတဲ့ ပုံစံနဲ့မလို့ ဝေယံလက်ခံလိုက်သည်။
"မင်းသူငယ်ချင်းအရမ်းမူးနေပြီးနော်
ဟိုလူကယံယံကိုကြည့်ပြီပြောလာသည်
"ဟုတ်တယ် သူနည်းနည်းအသဲကွဲနေလို့
"တစ်ယောက်မကောင်း တစ်ယောက်ပြောင်းဖို့ငါညီရာ ဘာလိုခံစားနေမှာလဲ
" အေ့ ဟုတ်တယ် အကိုပြောတာမှန်တယ်
ယံယံကပြောပြီးခုပေါ်ပြန်မှောက်သွားသည်။
"ယံယံ ပြန်ကြမယ်နော် မင်းအရမ်းမူနေပြီး
"မပြန်သေးဘူးကွာထပ်သောက်အုံးမှာ
" မင်းသူငယ်ချင်းကိုလွတ်ထားပေးလိုက်ပါ ညီလေးတို့ပြန်ရင်အကိုပါ သူကိုကူတွဲပေးမယ်
"အဲ့လိုဆိုကျေးဇူးပါ ကျတော်တစ်ယောက်ဆိုမနိုင်
"ရပါတယ်