အပိုင်း( 19)

1K 64 2
                                    

"ကိုကို

"ဗျာ

"ကိုကိုပြောတော့ ယံယံကိုစာမေးပွဲပြီးရင်ပြောပြစရာရှိတယ်ဆို အခုပြောတော့လေ

ရိူင်းရင်ခွင်ထဲကအကောင်ပေါက်လေးကို ပခုံးကနေဆုပ်ကိုင်လိုက်ပြီ မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲယူလိုက်တော့ အလိုက်သင့်ပါလာသည်။

"ကိုယ်တို့အကြောင်းကို ကိုယ့်အမေသိသွားပြီး

"ဟင် ကိုကို။တကယ်ပြောနေတာလား  လာစမနေနဲ့နော်

"ကိုကိုက ဘာလို့စရမှာလဲ ကိုကိုတကယ်ပြောတာ အမေသိသွားပြီး

"အဲ့တာဆို ကိုကိုအမေကဘာပြောလဲဟင် ယံယံတို့ကို ‌သဘောတူတယ်မလားဟင်

ကျတော်လက်နှစ်ဖက်ကိုဆုပ်ကိုင်ထားပြီး မျက်လုံးလေးတွေကို  အဝိုင်းသားနဲ့ ကျတော်ဆီက အဖြေကိုစောင့်မျော်နေတဲ့ ကောင်လေးကို  အူတွေယားပြီးစချင်လာသည်။ အမေကသဘောမတူဘူးပြောရင် ဘယ်လိုပုံစံလေးများဖြစ်သွားမလဲ

"ကိုယ်ပြောမဲ့စကားကိုသေချာနားထောင်နော်
ကိုယ်အမေက ယံယံနဲ့ကိုယ့်ကို သဘောမတူ
နိင်ဘူးတဲ့

ယံယံအစကတည်းထင်ပါတယ် ကျတော်တို့ရဲ့ဖြစ်တည်မူကို ဘယ်သူကမှလွယ်လွယ်လက်မခံနိုင်ဘူးဆိုတာကို ဒါပေမဲ့ ဒီလိုကြီးကြားလိုက်ရတော့ ကျတော်တကယ်မခံစားနိုင်တာအမှန်ပါ

ဒါပေမဲ့ ကျတော်မှကိုကို ကိုယ် လက်လွှတ်အဆုံးအရူံးမခံနိုင်တာ ကိုကို မိဘတွေကျတော်ကို လက်ခံနိုင်အောင်ကြိုးစားရမှာ

"ကိုကို မိဘတွေသဘောမတူလို့ဆို ယံယံကိုတော့ ပစ်မထားခဲ့ပါနဲ့နော် ယံယံက ကိုကို မိဘတွေသဘောကျလာအောင်ထိကြိုးစားမှာမလို့ ကိုကိုက ယံယံ နားကနေ ဘယ်မှထွက်မသွားနဲ့ ယံယံက ကိုကိုမရှိဘဲမနေ နိုင်ဘူး ကိုကိုနဲ့သာဝေးရင် ယံယံသေမှာ အီးဟီး

မျက်ရည်တွေ တသွင်သွင် စီးကျပြီးငိုလာတဲ့ကောင်လေးကြောင့် ရိူင်းစမိတာတောင်နာတရမိသည်။ ရိူင်းထင်ထားတာ သဘောမတူရင် ခိုးပြေးခိုင်းမယ်ထင်လို့ အဲ့လိုပြောလိုက်မိတာ အခုတော့ ကျတော်မိဘတွေ သဘောတူထိကြိုးစားမှာတဲ့  ရင်ခွင်ထဲမှ ငိုနေတဲ့ကလေးကို ဘယ်လိုများအငိုတိတ်အောင်ချော့ရပါလိမ့်

ကိုယ့်ရဲ့မြတ်နိုးရာWhere stories live. Discover now