ဒီလိုနဲ့စနေ့နေ့ကိုရောက်ခဲ့ပြီ ကျတော်နဲ့ဝေယံ နှစ်ယောက်သား အပြတ်အသတ်ပြင်ဆင်ပြီး ဈေးရောင်းပွဲတော် ကျင်းပမဲ့နေရာကို ဆိုင်ကယ်နဲ့ထွက်လာခဲ့တော့သည်
ဝေယံအကို မင်းဝေလျှံကတော့ မနက်ကတည်းသွားနှင့်ပြီကျတော်တို့က အကူဘဲဆိုတော့ ညနေမှသာထွက်ခဲ့တော့သည်
ဈေးရောင်း ပွဲတော်ကျင်းပတဲ့နေရာက ဆေးရုံဝန်းထဲမှာဖြစ်ပြီး ဆရာဝန်မချောချောလေးတွေ ဆရာဝန်ချောချောလေးတွေကရောင်းမှာဆိုတော့ ကြိတ်ကြိတ်ကိုတိုးနေရတာဘဲ ခင်းကျင်းထားတာတွေကအစသပ်သပ်ရပ်နဲ့ မဝယ် ဝယ်ချင်အောင် အမျိုးမျိုးအလှဆင်ထားကြတယ် ဝေယံနဲ့နှစ်ယောက်သားဟိုကြည့်ဒီကြည့်ရင်းနဲ့ ဝေယံအကိုရောင်းမဲ့ဝက်သားကင်ဆိုင်ကိုလိုက်ရှာနေရတော့သည် တစ်နေရာရောက်တော့ ဝေယံနဲ့မယ်ခေါ်သံကြားလို့လှည့်ကြည့်တော့ဝေယံအကို့ဖြစ်နေတာ
"ဝေယံနဲ့ကောင်ကင်ယံဒီဘက်မှအကိုက"
(ကျတော်တို့နှစ်ယောက်လဲ အကိုမင်းဝေလျှံရှိတဲ့ဘက်ကိုလျှောက်သွားလိုက်ပြီး)
"အကိုဆိုင်ကလဲရှာလိုက်ရတာဗိုက်တောင်ဆောင်တယ်"
"မင်းတို့ဗိုက်စာရင်အခုကတည်းကစားထား ခဏနေဆိုလူကျတော့မှအဲ့ကျအကိုတို့ကိုဝိုင်းကူပေးအူံးနော်)"ဟုတ်ကဲ့ပါကျတော်တို့နှစ်ယောက်ကစားဖို့လာတာမဟုတ်ပါဘူး နော်ကူဖို့လာပါတာ "(
ယံယံပြောတော့ မင်းဝေသဘောကျစွာရီလိုက်မိတယ် ဒီကလေးစကားတက်တိုင်ပြောနေတာဘဲ )
"အကိုသူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးရအုံးမယ်သူတို့နှစ်ယောက်နာမည်က မင်းသစ္စာနဲ့ ပြည့်စုံအောင်တဲ့ အကိုရဲ့သူငယ်ချင်းတွေပေါ့
ကိုမင်းဝေမိတ်ဆက်ပေးတဲ့အကိုနှစ်ယောက်ကိုကျတော်တို့နှစ်ယောက်လဲပြုံးပြီးပြန်မိတ်ဆက်လိုက်သည်
"ကျနော်နာမည်ကဝေယံပါ"
"ကျနော်နာမည်ကတော့ ကောင်းကင်ယံပါ ယံယံလို့လဲခေါ်လို့ရပါ"ကျတော်တို့နှစ်ယောက်မိတ်ဆက်တော့ဟိုအကိုနှစ်ယောက်ကပြုံးပြပြီ သူတို့အလုပ်ကိုပြန်လုပ်နေကြပြီ
ကျနော်နဲ့ဝေယံကတော့ ကိုမင်းဝေဝက်သားကင်တဲ့နေရာမှကူပေးနေလိုက် တော့တယ်