အပိုင်း(22)Zaw

444 14 0
                                    

ကလေးတွေ ကိစ္စကို အိမ် တို့ဘက်က ဘယ်လို သဘောရလဲ မဝေက အိမ်တို့ဖြစ်ချင်သလိုဖြစ်အောင်လုပ်ပေးမှာပါ

"အိမ်ကတော့ ဘာပြောရမှန်းကိုမသိတော့ပါဘူး သားက တစ်ခါမှလဲ ဒီကိစ္စကိုမပြောဖူးဘူး

" မင်းသား အဲ့တာကြောင့် မိန်းကလေးရည်းစားမထားတာပေါ့ဘယ်နဲ့ မိန်းကလေး မကြိုက်ဘဲ ယောင်္ကျားလေးကြိုက်ရတယ်လို့

"ဖေကြီးရယ်သားလေးကိုအဲ့လိုမပြောပါနဲ့  သားလေးက သူချစ်နှစ်သက်တဲ့သူကိုရွေးတာဘဲ ကျမတို့က ဘာတက်နိုင်မှလဲ

"ဟုတ်ပါတယ် ကိုမြင့်ရယ်  ကျွန်မသားလေးနဲ့ ကိုမြင့်တို့သားလေး မေတ္တာရှိနေတာကြာပါပြီး  အစကတော့ ကျွန်မကိုယ်တိုင် မအိမ်တို့စီလာတောင်းမယ်လို့စဉ်းစားထားပြီးသားပါဘယ်လိုဖြစ်ပြီး ဒီလိုတွေဖြစ်ကုန်တာလဲဆိုတာ တော့ ဝေလဲမသိတော့ပါဘူးရှင်

"ဘယ်လိုဖြစ်ရမှလဲ မအိမ်ရယ် ကျုပ်တို့သဘောမတူမှဆိုးလို့နေမှပေါ့ လာပါလေ့စေအုံး

အပြင်ဘက်မှနားထောင်နေတဲ့ကောင်လေးနှစ်ယောက်ထဲကတစ်ယောက်က ပြိုတော့မဲ့မိုးလို မျက်ရည်တွေရစ်ဝိုင်းနေသည်။

ရိုင်းယံယံလက်ကလေးကို ဆုပ်ကိုင်လိုက်ပြီးအားပေးလိုက်သည်။

"မငိုနဲ့နော် ကိုယ်တစ်ယောက်လုံးရှိတယ်

"အဖေနဲ့အမေကသဘောမတူရင်ဘယ်လိုလုပ်မလဲ အခုတောင် အဖေက

"ဘာမဖြစ်ဘူးကိုယ်ကိုယုံနော် ကိုယ်ကဘယ်တော့မှ ယံယံကိုထားခဲ့မှာမဟုတ်ဘူး

" အီးဟီး လာပြန်ကြမယ်

မျက်ရည်တွေကျလာပြီ ပြန်ကြမယ်ပြောလာတဲ့ကောင်လေးကိုဖတ်ထားလိုက်ပြီး ရိုင်းဆံပင်လေးကိုဖွဖွလေးနမ်းလိုက်တော့သည်။

" ဘာစိတ်မပူနဲ့နော် ယံယံအ‌ဖေသဘောမတူရင်ကိုယ်ကယံယံအဖေသဘောတူတဲ့အထိ ကြိုးစားမှာမလို့မငိုနဲ့နော်

မျက်ရည်တွေ ရိုင်းနူတ်ခမ်းနဲ့သုတ်ပေးလိုက်ပြီး အကောင်ပေါက်လေးလက်ကို ဆွဲပြီးအခန်းထဲဝင်လာခဲ့လိုက်တော့သည်။

"သားရိုင်း

"သားငယ်

" မင်းတို့နှစ်ယောက်ဘယ်တွေသွားပြီးဘာတွေလုပ်နေကြတာလဲ ဟမ်

ကိုယ့်ရဲ့မြတ်နိုးရာWhere stories live. Discover now