အပိုင်း(25)🔞🧘

2.4K 75 1
                                    

" ချီးယား ငါသူငယ်ချင်းကြီးရဲ့ လူပျိုဘဝနောက်ဆုံးညကို ပျော်ပျော်ကြီးဖြတ်သန်းကြတာပေါ့

" သူရနင်လဲ ငရိူင်းကိုအားကျမခံ  ယောင်္ကျားယူလိုက်စမ်းပါ

"ငါယူချင်တောင်ငါကိုယူမဲ့သူရှိပမလားမသိဘူး

" ယူမဲ့သူရှိရင်ရောယူမှာလား

သူရအပြောကိုဝေယံကဝင်ပြောသည်ရိူင်းနဲ့ယံယံကတော့ဘေးနားကနေ ဘီယာသောက်ရင်း ဘာဝင်မ‌ပြောဘဲနားထောင်နေလိုက်တော့တယ်

" ဘာလို့ယူရမှာလဲ ငါက မိန်းမဘဲယူမှာ

"အဲ့တာဆိုဘာလို့ယူမဲ့သူရှိပါမလားလို့ပြောနေသေးလဲ

မကြာခင်ထသတ်ကြတော့တာမလို့ ရိူင်းဝင်တားလိုက်‌ရတော့တယ်

"တော်ကြတော့ သောက်စရာရှိတာ သောက်ပြီး ပြန်ကြတော့ ငါတို့နားတော့မှာ

ရိူင်းယံယံလက်‌ကလေးကိုဆုပ်ကိုင်ပြီးတော့ပြောလိုက်သည် ။

" ငရိူင်းရာအစောကြီးရှိပါသေးတယ်  ဖြည်းဖြည်းပေါ့ မဂ်လာဦးရမှာပါကွာ ဟား•••ဟား

ကိုမင်းဝေအပြောကိုယံယံမှရှက်လွန်းလို့ မျက်နှာကိုဘယ်နားသွားထားရမှန်းကိုမသိတော့ပါ

မျက်နှာလေးပေါက်ထွက်မတက်နီရဲကာအရှက်သည်းနေတဲ့အကောင်ပေါက်လေးရဲ့ ဘက်ကိုယူပြီး လက်သကြွယ်မှာနေရာယူသွားတဲ့ လက်ထက် လက်စွပ်ကလေး နမ်းလိုက်တော့သည်။

ရိုးရိုးရှင်းရှင်းလေးကိုသဘောကျတယ်ဆိုတဲ့ ကောင်လေးရဲ့စိတ်တိုင်းကျ  စိန်လုံး လေးကို ရွှေထဲထည့်မြှပ်ထားတဲ့ ရိုးရှင်းတဲ့လက်စွပ်လေး အထဲဘက်မှာ ရိူင်းနဲ့ ယံယံတို့ရဲ့ နာမည်အတိုကောက်လေးကို အလည်က အသဲလေးခံပြီးတော့ ထိုးထားတယ်

အများကြီးတောင်းဆိုလို့ရတယ်လိုပြောတာတောင်  ကိုကိုရှိရင်အရာရာပြည်စုံနေပြီဆိုတဲ့အတက်ကလေးနဲ့ စကားကြောင့် ရိူင်းအကောင်ပေါက်လေး ဖြစ်ချင်သမျှကို လိုက်လျောပေးရတော့သည်။

"ကိုကို ယံယံအခန်းထဲသွားနားနှင့်မယ်နော် ခေါင်းနည်းနည်းနောက်လာလို့

ကိုယ့်ရဲ့မြတ်နိုးရာWhere stories live. Discover now