အပိုင်း(17)

1.1K 87 1
                                    

"ငရိူင်းမင်းပြန်လာမှာကို  ကောင်းကင်ယံ မသိဘူးလား

"မသိပါဘူး ငါသူကိုပြောမထားဘူး သူကို surprise လုပ်ချင်လို့

"မင်းကဘယ်လို Surprise လုပ်မှာလဲ

"ငါ ပန်းဆိုင်မှာ နှင်းဆီပန်း အပွင့်  1500မှာထားတယ်

" ဘယ်လို 1500

"ဟုတ်တယ်  ရည်းစားဖြစ်ကတည်းက။  
ငါကလေး  လေးကို ငါဘာလက်ဆောင်မှလဲမပေးရသေးဘူး သူများတွေလို ရုပ်ရှင်ကြည့် တစ်နေကုန် လျှောက်လည်ပြီးလဲဒိတ်ဖိုလဲ  ငါမှမအားတာ အဲ့တာမလို့ အခုလိုစီစဉ်လိုက်တာ

ရိူင်းစကားကိုကြားပြီး သူရနဲ့ သံဇဉ် ပါးစပ်အဟောင်းသား ဟိုရွာမှာအတူတူ သွားလာလုပ်ကိုင်နေတာတောင်  ဘယ်အချိန် ဒီလိုတွေ စီစဉ်ထားတယ်မပြောတက် ကမ္ဘာအချစ်တက်ဆုံး ယောင်္ကျားများထဲမှာ ရိူင်းကထိပ်ဆုံးက ဘဲ  ပြောလို့ပြောတာမဟုတ်ဘူး တကယ် အားကျတယ်

"ရိူင်းနင်ငါကိုလက်ထပ်ပါ ငါနင့်ကိုအရမ်းချစ်တယ်

သံဇဉ်စကားကြားတော့ သူရနဲ့ရိူင်းအော်ရီမသည်။

"ငါမိန်းကလေးသာ ဖြစ်တာ တစ်သက်နဲ့ တစ်ကိုယ် နှင်းဆီပန်း အပွင့် တစ်ပွင့် မပြောနဲ့  စက္ကူပန်းတောင်မရ ဘူး ဘူး။

"ဟားဟား သံဇဉ် ဘာလို့နင်မရတာလဲသိလား

သူရမေးတော့သံဇဉ်က ခေါင်းခါပြသည်

"အဲ့တာနင် ယောင်္ကျားလေးတွေကို လင်ပေးစား နေလို့

သူရကလဲသူဂွင်ထဲရောက်ပြီး ဆိုတာနဲ့အပြီး နှိပ်ကွက်တော့သည်

"အေး အဲ့လိုဆိုလို့ကတော့ တစ်သက်လုံးမရလဲ ဘာမဖြစ်ဘူး အဓိက ကတော့ ယောင်္ကျားလေးတွေ လင်ရဖို့ဘဲ

ရိူင်းနဲ့သူရ သံဇဉ်ကို လက်မြှောက်လိုက်ပါပြီး မနိုင်ဘူး တကယ်ကိုမနိုင်တာပါ

" မင်းတို့နှစ်ယောက်ငါနဲ့ အဖော်လိုက်ခဲ့ရင် မင်းတို့ ကြိုက်တဲ့ဆိုင်မှတစ်ဝိုင်း

အစားဆိုတာနဲ့နှစ်ယောက်လုံးရဲ့မျက်လုံးတွေက အရောင်တွေလဲ့ သွားတာဘဲ

"ငရိူင်းမင်းတကယ်ပြောတာနော် ငါကြိုက်တဲ့ဆိုင်စားမှာနော်

ကိုယ့်ရဲ့မြတ်နိုးရာWhere stories live. Discover now