အပိုင်း(14)Zaw

615 22 0
                                    

"ယံယံမင်းတို့အတွဲ Roတာလေးတွေနည်းနည်းလောက်လျော့လို့ရမလားဟင် ငါအရမ်းအားငယ်လို့ပါကွာ

"ငါနဲ့ကိုကိုကဘယ်နား Roနေလို့လဲ

"နေ့လည်ကဘဲကြည့်လေRoလာမလားဆိုတာကို

"အဲ့တာကဂရုစိုက်တယ်လို့ခေါ်တာနော် Roတာမဟုတ်ဘူးမင်းလိုရည်းစားမရှိတဲ့ Faကောင်ကိုပြောလဲနားလည်မှမဟုတ်ပါဘူး

"မအေဘေးလေးနော် မင်းငါကိုနှိမ်ထားငါရည်းစားရတဲ့နေ့ကျမှ မင်းတို့ထိုင်ငိုရတဲ့အထိ ပြန်Roပြမယ်

" အလုပ်နဲ့ဘဲသက်သေပြလိုက် အလကားရတဲ့လေနဲ့အာမချောင်နဲ့

"အေးပါမင်းငါကိုပြောထားပါတွေ့မယ်

"အချိန်မရွေးနေရောမရွေးဘဲ

ဝေယံ ယံယံကိုအသံတိတ်သာကျိန်ဆဲလိုက်တော့သည်ရည်းစားဖြစ်တာတောင် 1ရက်မပြည့်သေးဘူး ဒင်းအရမ်းတွေဂုဏ်ဆာကြီး ကြွာလုံးကြီး‌သည်တွေ့ပါမယ် ငါကောင်လေးရမှမင်းကို အပီ နှိပ်ကွက်ပြမယ်

"ဝေယံမင်းအပြန်ငါတို့နဲ့လိုက်ခဲ့ပါလား

"တော်ပါပြီမလိုက်တော့ဘူး မင်းတို့ကတန်းပြန်ချင်မှပြန်မှ ငါကအိမ်ပြန်ပြီလုပ်စရာရှိသေးတယ်

"အဲ့တာဆိုလဲပြီးရောလေ

နှစ်ယောက်သားစကားတပြောပြောနဲ့ကျောင်းရှေ့ထဲထွက်လာခဲ့တော့သည် ကျောင်းရှေ့မှရောက်တော့လမ်းတစ်ဖက်မှကားကိုမှီပြီးရပ်နေတဲ့ ကိုကို ဆေးရုံကအပြန်တန်းပြီးဝင်ခေါ်ပုံရတယ်နေလည်ကအဝတ်စားတွေနဲ့ ‌ယံယံနဲ့ဝေယံလဲ ကားရှိရာဆီကူးသွားလိုက်တော့သည်

" ကိုကို ရောက်နေတာကြာပြီလား

ယံယံမေးတော့ကိုကိုပြုံးပြီ

"မကြာသေးပါဘူးခဏမှရောက်တာ ဒါနဲ့ဝေယံလဲအကိုတို့နဲ့မုန့်လိုက်စားပလား

"မုန့်ကတော့စားချင်ပါတယ်ကိုရိုင်းရယ်ဒါပေမဲ့အိမ်ကိုပြန်ရမှာအိမ်မှလုပ်စရာလေးနည်းနည်းလေးရှိနေလို့

"ဟုတ်ပါပြီကွာ အဲ့တာဆိုအိမ်ကိုကောင်းကောင်းပြန်နော်

"ဟုတ်ကဲ့ ဗျ ကျတော်သူငယ်ချင်းလေးကိုလဲ ဂရုစိုက်လိုက်ပါအုံး

ကိုယ့်ရဲ့မြတ်နိုးရာWhere stories live. Discover now