ရင်ခွင်ထဲမှာအပူအပင်မရှိ အိပ်စက်နေတဲ့ကောင်လေးရဲ့ နဖူးပြင်ကို တစ်ချက်မွှေးကြူလိုက်ပြီး
ဆံနွယ်ကိုလက်နဲ့အသာပွတ်သတ်ပေးနေလိုက်တယ် ညက ရိူင်းနဲ့အချစ်ကြမ်းမူကြောင့် နေထွက်မှအိပ်ရတဲ့ အကောင်ပေါက်လေး
ကိုယ်အပိုင်ဖြစ်နေတာတောင်စိတ်မချနိုင်ဘူး ဖြစ်နိုင်ရင် အာခံတွင်းထဲငုံထားချင်မိတယ်
ဘုရားရှင်ကိုကျေးဇူးတင်မိတယ် ဒီလူသားကို ကျွန်တော်အပိုင်အဖြစ်သတ်မှတ်ပေးခဲ့လို့ပုခုံးထိခြုံပေးထားတဲ့စောင်ကို ဖယ်ချပြီ ဟိုဘက်လှည့်အိပ်သွားတဲ့အကောင်ပေါက်လေးကို ရိူင်းဘက်ပြန်လှည့်စေလိုက်တော့ မြင်လိုက်ရတဲ့ အမှတ်သားတွေကြောင့် ရိူင်းပြုံးမိတယ် ညက ရိူင်းပေးထားတဲ့ အမှတ် အသားတွေက လည်ပင်းညှပ်ရိုး နဲ့ တခြားနေရာတွေမှာ အများအပြား ရိူင်းတို့နေရာလေးတွေ နူတ်ခမ်းနဲ့ဖွဖွ နမ်းလိုက်တော့
အကောင်ပေါက်လေးက ရင်ခွင်ထဲကနေ လှုပ်ရွပြီနိူးလာခဲ့သည် ။ အကောင်ပေါက်လေး ဘာလုပ်မလဲသိချင်တာကြောင့် ရိူင်းအိပ်ချင်ယောင်ဆောင်နေလိုက်တော့သည်။
ယံယံရေဆာတောင်ကြောင့်နိုးလာခဲ့သည် လူကို အသက်ရူကျပ်အောင်ဖတ်ထားတဲ့သူကို ကြည့်လိုက်တော့ မျက်ခွံတွေကိုပိတ်ချထားပြီး အသက်ရူသံ မျှင်းမျှင်းနဲ့ အိပ်ပျော်နေတဲ့ နှစ်ယောက်မရှိချစ်ရသူကြီး
အိပ်ပျော်နေတာတောင် ချောမောခန့်ညားမူကနည်းနည်းကလျော့မသွား မြင်နေရတဲ့ မျက်နှာချောချောလေးရဲ့အစိတ်အပိုင်းတစ်ခုစီကိုထိကြည့်မိတော့ ရင်ခုန်ရသည်
ရီလိုက်ရင်ပေါ်လာတဲ့ပါးချိူင့်ကြီးတွေက လူကိုအရမ်းမနာလိုစေတယ် ကိုကိုမှာသာ ရှိပြီးယံယံမှကတော့မရှိဘူး ယံယံမှသာရှိရင်ဘယ်လောက်များကောင်းလိုက်မလဲ
နူတ်ခမ်းလေးကိုလက်နဲ့ထိကြည့်တော့ ယံယံပြုံးမိသည် ဒီနူတ်ခမ်းတွေကယံယံအပိုင် ဘယ်နာခါနမ်းနမ်း နမ်းလို့ဝတယ်မရှိဘူး
"အ့
ရိူင်းနူတ်ခမ်းကိုတို့ထိပြီးစကားနေတဲ့လက်ညိုးလေးကို ရိူင်းကိုက်ချလိုက်တော့ အ့ဆိုတဲ့အသံလေးနဲ့လူကို မျက်စောင်းခဲတော့တာပါဘဲ