အပိုင်း(8)Zaw

722 25 0
                                    

တစ်ယောက်သောသူကတော့ ချစ်တယ်ဆိုပြီး ဖွင့်ပြောပြီးတဲ့နေ့ကတည်းကပျောက်သွားတာ ဒီနေ့ထိဆို2ပတ်လောက်ရှိပြီ ဖုန်းလဲမဆက်သလို ဘယ်သွားတယ်ဆိုပြီလဲတစ်ခုမှအသိမပေးသွားဘူး အရင်ဆိုညတိုင်းလိုင်းပေါ်မှစကားပြောဖြစ်ကြသည် ဘာမပြောဘဲပျောက်သွားသည် ပြန်လာရင်တော့တွေ့ကြသေးတာပေါ့

"ယံယံ မင်းမျက်နှာကလဲ လင်ပူမိနေတဲ့အတိုင်းဘဲ ဘာဖြစ်နေတာလဲ

"ဘာမဖြစ်ပါဘူးကွာငါပျင်းနေလို့

"မင်းပျင်းနေရင်ဂိမ်းဆော့ကြမယ်လေ

"မဆော့ချင်ပါဘူးကွာ

"အဲ့တာဆိုငါတို့ကုန်တိုက်သွားကြမယ်ကွာ ငါလိုချင်နေ‌တဲ့စာအုပ်လေးတွေရောက်ပြီလားလို့သွားကြည့်ရအောင်

"ပျင်းတယ်မသွားချင်ဘူး

"မင်းပျင်းနေလို့ဘဲ‌သွားမှာလေ ဟိုရောက်ရင်မင်းကြိုက်တာစားငါဝယ်ကျွေးမယ်

"မင်းကပိုက်ဆံဘယ်လောက်ရှိလို့လဲ

"ငါမှပိုက်ဆံရှိပါတယ်ကွာကိုမင်းဝေဆီကဘတ်ထားတဲ့ငွေတွေနဲ့မင်းကိုကြိုက်တာဝယ်ကျွေးမယ်

" ပြီးရောလေအဲ့တာဆိုငါလိုက်ခဲ့မယ်မုန့်စားချင်လို့တော့မဟုတ်ဘူးနော် မင်းတစ်ယောက်ထဲစိတ်မချလို့လိုက်မှာ

"‌အေးပါကွာထသွားမယ်အဝတ်စားလဲမနေနဲ့တော့

အဲ့တာနဲ့ဘဲကုန်တိုက်ကိုချီတက်ခဲ့ကြတော့သည်


ရိုင်းနယ်ဘက်ကဦးလေးနာရေးရောက်နေတာ2ပတ်လောက်ရှိပြီ အကောင်ပေါက်လေးကိုဖွင့်ပြောပြီးအိမ်ရောက်တော့အမေကမင်းဦးလေးဆုံးလို့အမေတို့လိုက်သွားရမယ်ဆိုပြီ နယ်ဘက်ကိုညတွင်းချင်းထွက်လာခဲ့သည် အကောင်ပေါက်လေးကိုဟိုရောက်မှ ဖုန်းဆက်မယ်ဆိုပြီဟိုရောက်တာနဲ့နာရေးကိုဝိုင်းကူလုပ်ပေးနေကသည် အမေမှကမောင်နှမနှစ်ယောက်ထဲရှိတာမလို့ မောင်ဖြစ်သူရဲ့နာရေးသတင်းကိုကြားပြီးကတည်းကတငိုငိုတရီရီဆိုတော့အမေ့ကိုလဲနှစ်သိမ့်ပေးနေရသည်

ဦးလေးနေတဲ့နယ်ဘက်က မီးကအခုထိမရသေးသလိုလမ်းပန်းဆက်သွယ်ရေးကလဲခက်ခဲသည် မီးထွန်းဖို့အတွက် အိမ်တိုင်းအလိုလို နေရောင်ခြည်ပြားတွေကိုသာဝယ်သုံးသည် မီးစက်တောင်‌တော်တော်ချမ်းသာတဲ့အိမ်တွေမှ ရှိသည် ဦးလေးတို့ကအရမ်းချမ်းသာတဲ့ထဲကမပါတော့ဆိုလာပြားလေးသာတက်နိုင်သည်

ကိုယ့်ရဲ့မြတ်နိုးရာWhere stories live. Discover now