"ဒယ်ဒီ ဘာလို့သမီးကို ဘာလို့ဒီကိုပြန်ခေါ်လာတာလဲ
"ဆုသမီးမဟုတ်တာတွေကိုထပ်မလုပ်ဖို့ဖေဖေတောင်းဆိုပါတယ်
" သမီးက မဟုတ်တာတွေလုပ်နေတာမဟုတ်ဘူး သမီးလိုချင်တဲ့အရာကိုရအောင်ယူဖို့လုပ်နေတာလေ အဖေဘဲသမီးကိုသင်ပေးခဲ့တာလေ ကိုယ်လိုချင်တဲ့အရာကိုမရရအောင်ယူရမယ်ဆိုတာကို
"ဆုအဖေပြောတာတခြားအရာတွေကိုအခုသမီးလုပ်နေတာတွေမပါဘူး
" အခုမှဒီလိုတွေလာပြောလဲဘာမှထူးတော့မှမဟုတ်ဘူး သမီးကတော့ ကိုရိူင်းကိုရအောင်ယူမှာ
"သမီးကို ဟိုကောင်ကမကြိုက်တာသမီးလဲအသိဘဲနော်ပြီးတော့အဲ့ကောင်ကဘာတွေများ တော်နေတက်နေကောင်းနေလို့လဲ အဲ့ကောင်ထက်သာတဲ့သူတွေ သမီးဘေးမှအများကြီးပါ
" အဲ့လူတွေကိုမှသမီးမကြိုက်တာသမီးကြိုက်တာကိုဘဲရိူင်းကိုဘဲ ကိုရိူင်းသမီးကိုပြန်မကြိုက်လဲသမီးက တော့ကြိုက်တယ်
"အဖေသမီးကိုဆုံးမသွင်သင်မူညံ့ဖျင်းခဲ့တာဘဲ
"သမီးဒီပတ်မြန်မာပြည်ကို ပြန်မယ် သမီးကိုဘာအကြောင်းဘဲရှိရှိပြန်လာမခေါ်ပါနဲ့ သမီးသွားပြီး
ကိုယ်သားသမီးလမ်းမှားရောက်နေတာသိတာတောင် လမ်းမှန်ကိုမပို့ပေးနိုင်တာအဖေရဲ့အမှားပါ မိခင်ဆုံးပြီးကတည်းကအလိုလိုက်ထားခဲ့တာအခုလိုတွေဖြစ်လာဖို့မဟုတ်ဘူးလေ တချိန်ကျငါသမီးလုပ်ရက်တွေကိုနောင်တမရဖို့အဖေဆုတောင်းပါတယ်
_____&&&&&______&&&&&__----
"ဟျောင့်ယံယံ မင်းပထမအချ်ိန်ကလဲငိုက် အခုလဲငိုက်နေတာဘဲ။ညကမအိပ်ဘဲဘာတွေလုပ်နေလို့လဲ
"နေစမ်းပါ ငါအိပ်ချင်လို့
"မအိပ်နဲ့တော့ထ တော့ဆရာကမင်းကိုကြည့်နေတာကြာလှနေပြီနော် အခုနေကန်တင်းရောက်မှအိပ်တော့
ဝေယံပြောလဲယံယံကတော့အိပ်မြဲအတိုင်းအိပ်နေတော့တာပါဘဲ
"ထတော့ကန်တင်းသွားမယ် အဲ့မှသံပုရာရည်လေးသောက်လိုက် အိပ်ချင်ပြေသွားလိမ့်မယ်