"ဘာ မဖြစ်နိုင်တာ"
အံ့သြထိတ်လန့်စွာရေရွတ်လိုက်တဲ့JungKookကိုနှုတ်ခမ်းတွန့်ရုံမျှကွေးကာကြည့်လိုက်သည်။
"ကိုယ်ပြောသားပဲ မင်းကမစသင့်တဲ့ခရီးတစ်ခုကိုစတော့မိမယ်ဆိုတာ"
"ဒါပေမယ့် "
Jungkookရဲ့ပုခုံးပေါ်လက်တင်လိုက်ပြီးနားနားကိုကပ်ကာတိုးတိုးလေးပြောလိုက်သည်။
"ကိုယ့်ဆီကအချစ်ကိုရဖို့ဆိုတာထင်သလောက်လွယ်မနေဘူးကောင်လေး အများကြီးငယ်သေးတယ်
ကိုယ့်ဆီကနေထွက်သွားပြီးအချောအလှလေးတွေရှာပါ မင်းအတွက်မခက်ပါဘူးနော်"Jiminရယ်လိုက်ပြီးJungkookပုခုံးကိုပုတ်လိုက်သည်။
ထို့နောက် ခုံတန်းပေါ်မှာထိုင်နေတဲ့ထိုကောင်လေးဆီကနေတဖြည်းဖြည်းထွက်သွားလိုက်သည်။
အစထဲကနာကျင်ရမယ်ဆိုတာသိရင်မစမိတာကောင်းပါတယ်။
"တ..တကယ်လို့ကျွန်တော်စောင့်မယ်ဆိုရင်ရော."
မထင်မှတ်ထားတဲ့စကားပေမယ့်Jiminမအံ့သြပါ။ ဒီလိုလူတွေကပြောခဲ့ကြတာပါပဲ။
"မင်းသေချာလို့လား ကိုယ့်အချစ်ကိုရဖို့မသေချာဘူးနော်"
"ရတယ် ကျွန်တော် Hyungကို ၆နှစ်မကလို့ နှစ် ၆၀၀ပဲဖြစ်ပါစေစောင့်မယ် တစ်ခုတော့ရှိတယ် ကျွန်တော်ကအတ္တကြီးတယ် ကျွန်တော့်ဘက်ကချစ်ရေးဆိုထားပြီးသားသူမလို့တခြားတစ်ယောက်နဲ့တွဲလိုက်တာမျိုးမလုပ်ပါနဲ့"
Jiminပြုံးပြလိုက်သည်။
"ဒါဆိုအခုချိန်ကစပြီး ၁ရက်လို့မှတ်လိုက်ပြီနော်."
"အင်း"
တစ်ခွန်းတည်းသာပြောရင်းထွက်လာလိုက်သည်။
မင်းသိလာမှာပါ တစ်ချိန်ကြရင်တော့မင်းလက်လျှော့မှာပါ။ ကိုယ်ကအန္တရာယ်များတယ် ကောင်လေးရယ် ...
-
-
-Dormကိုပြန်လာလိုက်ပြီးလန်းဆန်းသွားအောင်ရေချိုးရင်းPart Time Jobကိုသွားဖို့ပြင်ဆင်လိုက်သည်။
"အော် ပြန်ရောက်ပြီလား Tae"
Jiminအ၀တ်အစားလဲနေတုန်းတံခါးဖွင့်သံကြားလိုက်တာကြောင့်ကြည့်လိုက်တော့Taeဖြစ်နေသည်။

YOU ARE READING
𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚
Fanficအချိန်ကာလတွေဘယ်လိုရွေ့ရွေ့ တည်နေရာတွေဘယ်လောက်ပြောင်းပြောင်း ကျွန်တော် Yoongiအနားမှာပဲရှိနေမယ်ဆိုတာယုံတယ်မလား.. ချစ်တယ် ဒါပေမယ့်ကိုယ်ထုတ်ပြောစရာလိုသေးလား Momijiလေး ကမ္ဘာကြီးတစ်ခုလုံးက မင်းကို ဆန့်ကျင်နေရင်တောင် ငါ မင်းကို ယုံထားမှာ သိ...