uni
"ခွန်း....ခွန်း"
"မင်းတို့တွေ့လို့ငါလာနှုတ်ဆက်တာ"
သရဖီကြောင်သွားသည်..ခွန်းနဲ့သူတို့နဲ့ဆက်ဆံရေးက လမ်းတွေ့ရင်နှုတ်ဆက်တဲ့အထိ ဆက်ဆံရေးမှမရှိတာ အရင်ကဒဲ့ဒိုးမြင်ရင်တောင်ရှောင်သွားတဲ့လူကများ ဆိုဖီကြည့်လိုက်တော့လဲမျက်နှာပျက်နေသည်
"အော်ထိုင်လေ...ခွန်းသတ်နိုင်"
"အင်း"
ခွန်း..ငနဲဘေးမှာဝင်ထိုင်လိုက်သည် သရဖီမိတ်ဆက်ပေးနေသည်
"ကိုဟန်သွေး..သူကသရဖီတို့နဲ့ကျောင်းအတူတူတက်ခဲ့တာလေ ကျောင်းနေဖက်သူငယ်ချင်းတွေ....ခွန်းသတ်နိုင် သူက ဒေါက်တာ ဟန်သွေး ငါ့မိတ်ဆွေ "
"ဟုတ်ကဲ့ ကိုခွန်းသတ်နိုင် တွေ့ရတာဝမ်းသာပါတယ်"
"အင်း ကျွန်တော်လဲ တွေ့ရတာအရမ်းဝမ်းသာပါတယ်"
"ခွန်းသတ်နိုင်နင် တစ်ယောက်ထဲလာစားတာလား ဒီမှာ"
"မဟုတ်ဘူး ငါ့ဧည့်သည်တွေပါတယ် "
"အော်"
သရဖီပဲစကားပြော်နေကသည် ဘေးကဆိုဖီက ငုတ်တုတ်မေ့နေတဲ့အတိုင်း
"ငါလာလို့ နင်တို့အနှောင့်ယှက်ဖြစ်သွားရင် sorry နော်"
"မဖြစ်ပါဘူး နင်ကလဲ နော် ဆိုဖီ"
"ဟင် အယ် မ...မဖြစ်ပါဘူး"
ဆိုဖီစကားတောင်ထစ်သည်
"တီ တီ "(ဖုန်းအသံ)
"ဟဲလို... အော်ဟုတ်ကဲ့.. အခုလာခဲ့မယ်.. ခွဲစိတ်ဖို့အဆင်သင့်လုပ်ထားပါ"
ဟန်သွေး ဖုန်းလာလို့ကြည့်တော့ ဆေးရုံဆက်တာ ခွဲစိတ်ဖို့ အရေးပေါ်ဆိုပြီးခေါ်နေတာ သူဒီလာကတာ ဆေးရုံကနေအချိန်မပြည့်သေးဘဲ ထွက်လာကတာ တွေ့မဲ့မိန်းကလေးကလဲအလုပ်နဲ့အချိန်ပြည့်မအားတော့ အေးဆေးတွေ့လို့ရတဲ့မိန်းကလေးမဟုတ်တော့ မိန်းကလေးဘက်ကအားတဲ့ချိန်ထွက်လာလိုက်တာ ဘာမှတောင်မပြော်ကသေး ပြန်သွားကတော့မယ်
"အရေးပေါ်ခွဲစိတ်ဖို့ရှိလို့ ကျွန်တော်အခုပဲသွားကတော့မယ် တောင်းပန်ပါတယ် စကားပြော်ဖို့အချိန်မပေးန်ိုင်တော့လို့ "
YOU ARE READING
အမုန်းမာန၏~~~နောက်ကွယ်
Romanceခွန်းသတ်နိုင်~ မင်းခလေးဆိုတာလည်း ငါထည့်မှ ဗိုက်ကကြီးမှာ တစ်ယောက်ထဲမွေးမှာမဟုတ်ဘူး ~ ဆိုဖီယာ~ စောက်ချိုးမပြေတဲ့ကောင်ကိုလင်တော်ရတာငါးပါးမှောက်တယ် ~