သရဖီ ဘားကောင်တာတွင်ထိုင်နေရင်းမှသူ့အနားလာဝင်ထိုင်သည့် ဆိုဖီယာကိုငဲ့ကြည့်လိုက်မိသည်။ဆိုဖီယာဆိုသည့် အချေမင်းသမီးလေးက ကိုယ်တွေလို ခန္ဓာကိုယ်ပိန်ပါးပါးမဟုတ်။ခါးသေးရင်ချီတင်ကားကားဖြင့်
ကိတ်တဲ့ထဲပါသည်။ဂါဝန်အနီကိုယ်ကျပ်အင်္ကျီလေးကပေါင်လယ်လောက်ထိသာရှည်၍ လက်တစ်ဖက်က လက်ရှည်နှင့် တစ်ဖက်က ပခုံးမပါ လည်ပင်းကလဲ ရင်ညွှန့်ပေါ်အောင်ဟိုက်နေကာ အနီရောင်နှုတ်ခမ်းလွှာနဲ့အတူစီးနှင်းထားသည့် 5 လက်မ ဒေါက်ဖိနပ်နီရဲရဲနှင့် မီးရောင်အောက်မှာ ပြိုးပြိုးပြက်ပြက်လက်နေကာ ပုရိသများကိုစွဲညှို့နေ၏။ အလှပိုင်ရှင် မင်းသမီးလေးကတော့ ဘာကိုစိတ်အလိုမကျဖြစ်နေလဲတော့မသိ မျက်နှာမကောင်း တည်တည်တင်းတင်းဖြစ်နေသည်။လင်လဲမရှိဘဲ လင်ပူမိနေတဲ့ရုပ်နဲ့ ဆိုဖီယာတို့များ'ဟဲ့ မိန်းမ ငြိမ်လှချည်လား နင်ပဲငါ့ကိုတွေ့မယ်ဆိုချိန်ပြီး ရောက်ထဲက ဘာမှလဲမပြော ဘာဖြစ်နေတာလဲ မျက်နှာက
'နားငြီးတယ်ဟာ ပါးစပ်ပိတ်ထား'
'အောင်မယ် မိန်းမ တွေ့မယ်ဆိုပြီး ချိန်းတာ ဘယ်သူလဲ ခုကြတော့ နားငြီးတယ်လေး ဘာလေး'
'ငါစိတ်ညစ်နေလို့ တစ်ယောက်ထဲ မသောက်ချင်လို့ နင့်ကို တူတူသောက်ဖို့ ခေါ်တာ စကားများဖို့မဟုတ်ဘူး'
ဆိုဖီစကားကြောင့် သရဖီနှာခေါင်းရှုတ်လိုက်ပြီး သူမသဘောကျ အသံတိတ်နေပေးလိုက်သည် သရဖီ တစ်ခွက်ပဲသောက်ပေမဲ့ ဘေးမှာထိုင်နေသည့် ဆိုဖီကတော့ တစ်ခွက်ပြီး တစ်ခွက်သောက်နေတာ မသောက်တော့နဲ့ တားလို့လဲမရ။ တားလေ ပိုသောက်လေ
'ဆိုဖီ တော်တော့ နင်များနေပြီ နင်သောက်နိုင်တာလဲ မဟုတ် '
ခေါင်းလေးတစ်ဆက်ဆက်တော့ငြိမ့်ပြပါရဲ့ သို့သော် လက်သွယ်သွယ် ဖွေးဖွေးလေးတစ်ဖက်က ဝိုင်ခွက်ရှိရာဆီသို့ လှမ်းယူပြီး ပြန်သောက်နေသည်။ သရဖီ မယားသည့် ခေါင်းကို ခဏခဏကုတ်နေရသည်။
ဆိုဖီမူးချင်သည်။ပက်ပက်စက်စက်ကိုမူးချင်သည်။ခံစားချက်တွေပေါ့ပါးသွားအောင် တစ်ခဏလောက်ဖြစ်ဖြစ်မူးမေ့ချင်သည့်စိတ်ကြောင့်။ခွန်းကြောင့် သူမနေ့တိုင်းစိတ်ဆင်းရဲသည်။သူမမှာတော့ နေ့ရှိသမျှ စိတ်ဆင်းရဲနေပေမဲ့ ခွန်းကတော့ သူ့ရည်းစားအသစ်နဲ့ပျော်ရွှင်နေတာ မြင်ရတော့ ဆိုဖီမှာ ဘယ်လိုမှ စိတ်မချမ်းသာနိုင်။စိတ်ညစ်နေတာတွေ ခဏတာ မေ့ပျောက်ချင်လို့ မူးအောင်သောက်နေခြင်း။
YOU ARE READING
အမုန်းမာန၏~~~နောက်ကွယ်
Romanceခွန်းသတ်နိုင်~ မင်းခလေးဆိုတာလည်း ငါထည့်မှ ဗိုက်ကကြီးမှာ တစ်ယောက်ထဲမွေးမှာမဟုတ်ဘူး ~ ဆိုဖီယာ~ စောက်ချိုးမပြေတဲ့ကောင်ကိုလင်တော်ရတာငါးပါးမှောက်တယ် ~