ယမင်းအခု ဆေးရုံအရှေ့မှာ နတ်သားလေးနဲ့ေတွ့ဖို့စောင့်နေမိသည် သူကမခင်ဘူးပြော်လဲ ယမင်းကရအောင်လုပ်မှာကြည့်နေ ထွက်လာပါပြီ ကိုယ်တော်ချော် ယမင်းသူ့အနောက်ပြေးလိုက်ကသည်
'အစ်ကို အမလေးလေး လမ်းလျှောက်တာလဲမြန်လိုက်တာ အစ်ကိုနောက်ပြေးလိုက်ကတာ ယမင်းသေတော့မယ် ဟူး ဟဲ'
ဟန်သွေး ဂျူတီချိန်ပြီးတော့ အိမ်ပြန်ဖို့ သူ့ကားထဲဝင်တော့မဲ့ချိန် အကိုဆိုတဲ့အသံနဲ့ သူ့အရှေံမှာလာရပ်နေတဲ့မိန်းကလေး ဟိုကောင်မလေးဘဲ ပုံစံကလဲမောနေတဲ့ပုံစံ
'ဘာလို့ငါအနောက်လိုက်လာတာလဲမင်း'
'ဟို အကူညီလေး တစ်ခုလောက်တောင်းမလို့ပါ'
'ကျစ် လာပြန်ပြီ ငါဘာမှမကူညီပေးနိုင်ဘူး မင်းနဲ့ငါနဲ့ကော်သိလို့လား ဘာလို့ငါလိုက်နှောက်ယှက်နေတာလဲ'
သူ့ဘက်ကစိတ်ညစ်တဲ့ပုံစံနဲ့ ပြော်လာတော့ ...ယမင်းစိတ်မကောင်းဖြစ်မိသွားသည်
'အစ်ကိုရယ် အကူညီဆိုတာကလဲလေ အခက်ကြီးမဟုတ်ပါဘူး ဒီတစ်ခါပဲကူညီပါေနာ် ကျေးဇူးပြု၍'
ဟန်သွေးစိတ်ရှုပ်နေမိသည် ဒီမိန်းကလေးကို မပတ်သတ်ချင်ပါဘူးပြော်ထားတာတောင် လိုက်နှောက်ရှက်နေသည် ဘယ်လိုမိန်းကလေးလဲ ဟူး
'ဘာလဲ ဘာကူညီကမှာလဲ ဒီတစ်ခါပဲနော် နောက်ငါ့မနှောက်ယှက်နဲ့'
'ဟုတ်ကဲ့ ဟုတ်ကဲ့ '
သူ့ဆီကနေကူညီမယ်ဆိုတဲ့အသံကြောင့် ယမင်းတတော်ပျော်သွားသည်
'ဟို အစ်ကို့ကားနဲ့ယမင်းကိုလိုက်ပို့ပေးပါလား'
'ဘာ!!!
'ဘာလို့အော်တာလဲ အစ်ကိုရဲ့'
'မရဘူး ငါ့ကားပေါ်တော့ အတက်မခံဘူး'
'ဘာလို့လဲ အကိုရဲ့ ညီမလူကောင်းပါ ယမင်းအိမ်ပြန်ဖို့ တက္ကစီ စီးဖို့တောင်ပိုက်ဆံမရှိတော့ဘူး ပါလာတဲ့ပိုက်ဆံက hotpot ဝယ်သောက်လိုက်တာကုန်သွားတယ် အရင်နေ့တွေကဆို ပိုက်ဆံများများထည့်လာပါတယ် ဒီနေ့မှ ညီမ ပိုက်ဆံထည့်လာတာ နည်းသွားတယ် ညီမပြန်ဖို့လမ်းစရိတ်မရှ်ိတော့ဘူး အာ့ကြောင့် ကူညီပါနော်'
YOU ARE READING
အမုန်းမာန၏~~~နောက်ကွယ်
Romanceခွန်းသတ်နိုင်~ မင်းခလေးဆိုတာလည်း ငါထည့်မှ ဗိုက်ကကြီးမှာ တစ်ယောက်ထဲမွေးမှာမဟုတ်ဘူး ~ ဆိုဖီယာ~ စောက်ချိုးမပြေတဲ့ကောင်ကိုလင်တော်ရတာငါးပါးမှောက်တယ် ~