ဆိုဖီအိပ်ယာနိုးလာတော့သူမကိုယ်ကိုတင်းကြပ်စွာဖက်အိပ်နေသည့်ခွန်းမျက်နှာမော်ကြည့်လိုက်ပြီးမျက်နှာပေါ်ကအစိတ်ပိုင်းလေးတွေကိုထိကြည့်နေမိသည်။
နက်မှောင်တဲ့မျက်ခုံး နှာတံချွန်ချွန် လေးထောင့်ဆန်တဲ့မျက်နှာ နီရဲပြီးသေသပ်ပိရိတဲ့နှုတ်ခမ်းတစ်စုံနဲ့မေးရိုးကားကားလေးက အရမ်းကိုလိုက်ဖက်ပြီး အလွန်ကြည့်ကောင်းသည့်ယောက်ျား
'ယောကျာ်းမျက်နှာ အဲ့လောက်တောင်ကြည့်ကောင်းနေတာလား'
'အယ်'
'ဘယ်သူ...ဘယ်သူကကြည့်နေလို့လဲ'
'လိမ်တယ်ပေါ့ ကလေးမ ကိုယ်မအိပ်ဘူးနော် သိနေတယ်'
ခိုးကြည့်တာလူမိသွားတော့ သူမရှက်ရှက်ဖြင့်အိပ်ယာပေါ်ကထပြေးတော့ သူဖမ်းဆွဲချခံရကာ သူ့ရင်ခွင်ထဲ ဆိုဖီကိုယ်လုံးလေးကို တင်းကြပ်စွာဖက်ထားပြီး သူ့ရဲ့နှာတံချွန်ကသူမရဲ့ဘယ်•ညာ ပါးနှစ်ဖက်ထဲတစ်လှည့်စီနမ်းပြစ်လိုက်ပြီး
'ကိုယ်မင်းကို အရမ်းချစ်တယ်ဆိုဖီ'
အချစ်ရစ်မူးနေတဲ့အသံကြီးဖြင့်ပြောရင်း ခွန်း...သူမပါးပြင်လေးကိုသူ့နှာခေါင်းကြီးဖြင့် နမ်းရှိုက်လိုက်သည် ။ဘယ်လောက်နမ်းနမ်းမဝသည့်မျက်နှာလေး တစ်ညလုံးလည်းသူ့မှာအိပ်မပျော် ဆိုဖီမျက်နှာလေး တစ်စိမ့်စိမ့်ကြည့်ပြီး ချစ်စကားပြောလိုက် နမ်းလိုက်နှင့် တစ်ညတာကုန်ဆုံးသွားတယ်ဆိုဖီတာအိပ်ပျော်သွားတယ် သူကတော့အိပ်မပျော်နိုင်။
ချစ်တယ်ဆိုသည့်စကားကြောင့် သူမနှုတ်ခမ်းသားလေးတွေသဘောကျစွာကွေးညွှတ်သွား၏။
ပြုံးရိပ်သန်းသွားတဲ့ ဆိုဖီမျက်နှာလေးကြောင့် ခွန်းနှစ်ခြိုက်စွာပြုံးလိုက်ပြီး
'ချစ်လား'
မဖြေပါဘူးဖြေစရာလားမချစ်ဘဲသူ့ရင်ခွင်ထဲရောက်နေမလား။
နဖူးချင်းထိကပ်ထား၍သူမမျက်ဝန်းတွေကိုမျက်တောင်ဖျားနဲ့ကြည့်နေတာကိုသူမပြန်မော့ကြည့်ရင်း
'အွန်'
'ဘာ 'အွန်'လည်း ချစ်တယ်လို့ပြော'
သူ့စကားကြောင့် ဆိုဖီမျက်စောင်းထိုးပေးလိုက်သည် ညကတစ်ညလုံး ဆိုဖီကို အိပ်ဖို့လည်းမပေး လူကို အသားအရမ်းယူတာခွန်းသတ်နိုင်တို့က
YOU ARE READING
အမုန်းမာန၏~~~နောက်ကွယ်
Romanceခွန်းသတ်နိုင်~ မင်းခလေးဆိုတာလည်း ငါထည့်မှ ဗိုက်ကကြီးမှာ တစ်ယောက်ထဲမွေးမှာမဟုတ်ဘူး ~ ဆိုဖီယာ~ စောက်ချိုးမပြေတဲ့ကောင်ကိုလင်တော်ရတာငါးပါးမှောက်တယ် ~