11

7.2K 192 6
                                    


ကော်ဖီဆိုင်မှာဟန်သွေးသူနဲ့မိဘချင်းသဘော်တူထားတဲ့မိန်းကလေးနဲ့တွေ့ဖို့စောင့်နေသည်

"ဟိုစောင့်ရတာကြာသွားလားမသိဘူး ထားတောင်းပန်ပါတယ်နော် ကားတွေပိတ်နေလို့နောက်ကြသွားတာပါ ဒေါက်တာ"

ဟန်သွေးအသံလာရာ ခေါင်းမော့ကြည့်လိုက်တော့ မေထားဆိုတဲ့မိန်းကလေး ဓာတ်ပုံထဲကထက်အပြင်မှာပိုပြီးလှနေသည် ဗိတောက်ခြောက်ရောင် မြန်မာဝမ်းစက်လေးနဲ ကြည့်လိုက်ရုံနဲ့ရင်ထဲအေးချမ်းသွားသည့် အလှမျိုး..ဟန်သွေးသူမကြည့်ပြီးပြုံးလိုက်မိသည်

"ကျွန်တော်လဲခုဏကမှရောက်တာပါ မကြာသေးပါဘူး ထိုင်ပါ"

"ဟုတ်ကဲ့"

"ဘာမှာမလဲ မမေထား"

"ကော်ဖီပဲ သုံးဆောင်တော့မယ်ရှင့်"

"ဟို မုန့်တစ်ခုခုယူပါလား"

"အာ ရတယ် ကော်ဖီပဲသောက်တော့မယ်"

"ဟုတ်"

ညီလေး ကော်ဖီ၂ခွက်ရယ် sandwich တစ်ပွဲရယ်"

"ဟုတ်ကဲ့ အစ်ကို"

ဝိတ်တာကောင်လေးလဲထွက်သွားတော့ဟန်သွေးလဲသူမဘာပြော်လို့ပြော်ကမှန်းမသိတော့ဘူး သူမကိုကြည့်တော့လဲ ခေါင်းရီးကငုံထားတာ ဟင်းသူမလဲရှက်နေတယ်နဲ့တူတယ် အေပေါ့

"မမေထားက ကွန်ပျူတာ သင်တန်းဖွင့်ထားတယ်ဆို "

"ဟုတ် မေထားဖွင့်ထားတာ ၃နှစ်လောက်တော့် ရှိပါပြီ "

"အော်"

"ဟို မေ...မေထားတစ်ခုလောက်မေးလို့ရမလား"

"ဟုတ် ရတယ်လေမေးပါ တစ်ခုမဟုတ်ပါဘူး ကြိုက်သလောက်မေးပါ"

"ဒေါက်တာမှာ ရည်ရွယ်ထားတဲ့လူ ချစ်သူတွေဘာတွေများရှိလားမသိဘူး ဟိုအခုလိုမေးလို့တစ်မျိုးမထင်ပါနဲ့နော် "

"မထင်ပါဘူးဗျ ကျွန်တော့မှာ ချစ်သူမရှိပါဘူး ကျွန်တော်က ဆေးရုံမှာပဲအချိန်ကုန်နေလို့ အချစ်ရေးဘက်လဲ မလှည့်ဖြစ်ဘူး လူနာတွေနဲ့ဘဲ အချိန်ကုန်နေတာလေ အဟွန်း"

"ဟုတ်ကဲ့ မေထားကကြောက်လို့ပါ မိဘချင်းသဘော်တူလို​​့ဒေါက်တာကငြင်းလို့မရလို့သာ လက်ခံပြီး  ဒေါက်တာမှာချစ်သူရှိနေရင် ပြဿနာတွေတက်လာမှာဆိုးလို့ပါ "

အမုန်းမာန၏~~~နောက်ကွယ်Where stories live. Discover now