'ဒေါက် ဒေါက် '
'ဝင်ခဲ့'
'သူဌေး meeting အချိန် နီးနေပြီ နောက်၁၅" မိနစ်ဆို စတော့မယ်'
'ကျစ် ခေါင်းမူးလိုက်တာ '
သူဌေး မျက်နှာမသာမယာနဲ့ နားထင်ကို ဖိနှိပ်နေပြီး မျက်လုံးများလဲ မှေးစင်းနေတာကြောင့်
'သူဌေး နေမကောင်းဘူးလား အဲ့တာဆို meeting ဖျက်လိုက်ကမလား'
'ဒုန်း!!
သူဌေးက ဘာကို မကျေနပ်လို့လဲ မသိ စားပွဲခုံကို လက်သီးနဲ့ ထိုးချလိုက်ပြီး သူ့ကို မကျေမနပ်နဲ့ ကြည့်လာတာကြောင့် သူကျောက်ရုပ်လို ငြိမ်သက်နေမိသည် သူပြော်တာဘာမှားသွားလို့လဲ နေမကောင်းရင် meeting ပွဲဖျက်ဖို့ပြော်လိုက်တာကို သူဌေးသူ့ကိုကြည့်တဲ့အကြည့်တွေက ကျောချမ်းစရာ
'မင်းရူးနေလား ဘာလို meeting ဖျက်ကမှာလဲ ခေါင်းမူးနေတာနဲ့တင် ဒီလောက်အရေးကြီးတဲ့ meeting ကို ငါ cancel စရာလား!!
'တောင်းပန်ပါတယ် သူဌေး '
ကောင်းထက် ခေါင်းငုတ်ပြီး သူဌေးကို တောင်းပန်လိုက်သည် သူမေ့သွားတာ သူဌေးက ဘာပဲဖြစ်နေဖြစ်နေ အလုပ်နဲ့ပတ်သတ်ရင် တိတိကျကျလုပ်မှကြိုက်တာ အမှားယွင်းမခံ အဲ့ဒါကို သူက ဒီလောက်အရေးကြီးတဲ့ meeting ကို ဖျက်ခိုင်းတော့ သူဌေးသူ့ကို ဒေါ်သထွက်ချင်လဲ ထွက်စရာဘဲ ဟူးးးးး
ခွန်း ရုံးခန်းထဲက ထွက်လာလိုက်ပြီး Meeting Room ထဲဝင်လာလိုက်သည်
သူဝင်လာတာနဲ့ အားလုံးက မတ်တပ်ထရပ်ကာ နှုတ်ဆက်ကြသည်မို့ သူခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်သည် ရှင်ယာရှင်တွေအားလုံးက သူ့ထက်အသက်ကြီးတဲ့လူတွေပေမဲ့ သူကပိုပြီး ရာထူးမြင့်လို့ တရိုသရေ ထပြီး နှုတ်ဆက်ကြသည် ရှင်ယာရှင်တွေထဲမှာ သူ့သူငယ်ချင်းသုတလဲပါသည်______________________________
ဆိုဖီလက်ထဲမှာ ဖုန်းကိုကိုင်ထားပြီး အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီး လူက ဂဏာမငြိမ်ဖြစ်နေကသည် ညကတစ်ညလုံးမအိပ်ဘဲသေသေချာချာ စဉ်းစားပြီး မနက်ကြတော့ အဖြေထွက်လာသည် ကလေးမွေးဖို့ ဆုံးဖြတ်လိုက်သည် ကလေးဖျက်ချတယ်ဆိုတာက လူမဆန်တဲ့လုပ်ရက်ပဲ ကိုယ့်အသွေးသားကိုတော့ ကိုယ်ပြန်သတ်ဖို့တော့မလုပ်ချင် အမှားတစ်ခုကြောင့် ဖြစ်တည်လာတဲ့ အသွေးသားပေမဲ့ ဆိုဖီ ကလေးတော့ မဖျက်ချနိုင် အာ့ကြောင့် မွေးဖို့ ဆုံးဖြတ်လိုက်သည် အာ့ကြောင့် ခွန်း ကိုဖုန်းဆက်ဖို့တွက် လူကစိတ်လှုပ်ရှားနေမိသည် အရင်ကဆိုဖီကိုသူ ဖုန်းတစ်ခါဆက်ဖူးထားတာကြောင့် သူ့ဖုန်းနံပတ်ကို block လိုက်ပေမဲ့ မဖျက်ထားတာကြောင့် block ကို ပြန်ဖြည်လိုက်ပြီး ဖုန်းဆက်ဖို့ စိတ်လှုပ်ရှားနေမိသည်
YOU ARE READING
အမုန်းမာန၏~~~နောက်ကွယ်
Romanceခွန်းသတ်နိုင်~ မင်းခလေးဆိုတာလည်း ငါထည့်မှ ဗိုက်ကကြီးမှာ တစ်ယောက်ထဲမွေးမှာမဟုတ်ဘူး ~ ဆိုဖီယာ~ စောက်ချိုးမပြေတဲ့ကောင်ကိုလင်တော်ရတာငါးပါးမှောက်တယ် ~