အချိန်တွေကုန်တာသိပ်မြန်လွန်းလှ၏။ဘာလိုလိုနဲ့ ဆိုဖီဗိုက်ထဲကရင်သွေးလေးကြီးပြင်လာလိုက်တာ ကိုးလလွယ် ဆယ်လဖွားဆိုသည့် အချိန်သို့ရောက်ရှိလာခဲ့လေပြီ...... ultrasound ရိုက်ကြည့်တော့ အမွှာလေးတွေတဲ့ ....... ဗိုက်ထဲက အမွှာမို့ မိုးပျံပူဖောင်းကြီးအလား ကော့ထွက်နေသည်။ အမွှာပူးဆိုတာကြောင့် ခွန်းကတော့ တတော်ပျော်နေေပမဲ့။ ဆိုဖီမှာတော့ ပျော်တာထက် ကြောက်စိတ်များပိုများနေသည်။ မွေးဖို့ရပ်နီးလာလေ ဆိုဖီရင်တုန်ကလေလေ။
ခွန်းကဆိုဖီကို လိုလေသိပ်မရှိအောင်ထားပေးပြီး အလွန်ဂရုစိုက်ပေးတာကြောင့် ဆိုဖီမှာ သူ့ကိုအားနာနေကသည်။
မှန်ထဲ၌ ဆိုဖီခန္ဓာကိုယ်ကိုပြန်ကြည့်ပြီး မျက်နှာရှုံမဲ့သွားကသည်။ ခန္ဓာကိုယ်က ဒီအတော်တွင်း တတော်ဝသွားသည်။ အပျိုတုံးက ပေါင် ၁၁၀ပဲရှိတဲ့ဆိုဖီက ခုဆို အစားသောင်းကျန်းချက်ကြောင့် ပေါင်၁၄၀ကျော်ဖက်တီးမဖြစ်နေပြီ။ ဆိုဖီတစ်နေ့တာကတော့ စားတယ် အိပ်တယ် ထတယ် ပြန်စားတယ် ပြန်အိပ်တယ်ဒါနဲ့ပဲ အချိန်ကုန်သွား။ဆိုဖီ မွေးခါနီးပြီဆိုတော့ မာမီက သူ့အိမ်မှာလာနေခိုင်းတာကြောင့် ဆိုဖီနဲ့ခွန်း မာမီအိမ်မှာ လာနေတာ 1ပတ်လောက်ရှိပြီ။ မာမီက အစကဆိုဖီတို့ကိုစိတ်ဆိုးနေပေမဲ့ ခုတော့ စိတ်လျှော့ပြီး ဆိုဖီတို့ကို ကြည်ဖြူလိုက်သည်။
တစ်ခုအဆင်မပြေတာကတော့ မာမီအိမ်မှာ လာနေထဲက ဆိုဖီနဲ့ခွန်းက တစ်ခန်းထဲ တစ်ကုတင်ထဲအတူအိပ်ကသည်။ သူ့အရပ်ကြောင့် ဆိုဖာနဲ့က မဆန့်တာကြောင့် ဆိုဖီဘေးမှာပဲ သူကဝင်အိပ်သည်။ အိပ်ရင်တော့ နှစ်ယောက်လုံး ကျောပေးပြီး အိပ်ပေမဲ့ မနက်ဆိုရင်တော့ ဆိုဖီက သူ့ရင်ခွင်ထဲက ဘယ်လိုရောက်နေမှန်းမသိ သူကလဲ ဆိုဖီကို တင်းတင်းကျပ်ကျပ်ရီးပွေ့ဖက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်တက်သည်။ ဆိုဖီကို သူ့ခွခေါင်းအုံးနဲ့ မှားပြီ ဖက်အိပ်တာပဲဖြစ်မှာပါ။
'အားနာတယ် ကျွတ် ကျွတ် '
'အ့ ခွန်း အ့ ဟင့်'
ခွန်းအိပ်ေမာကျနေရင်း ဆိုဖီ အော်သံကြောင့် လန့်နိုးသွားပြီး အိပ်ချင်မူးတူးနဲ့ ကုန်းရုန်းထလိုက်သည်။
YOU ARE READING
အမုန်းမာန၏~~~နောက်ကွယ်
Romanceခွန်းသတ်နိုင်~ မင်းခလေးဆိုတာလည်း ငါထည့်မှ ဗိုက်ကကြီးမှာ တစ်ယောက်ထဲမွေးမှာမဟုတ်ဘူး ~ ဆိုဖီယာ~ စောက်ချိုးမပြေတဲ့ကောင်ကိုလင်တော်ရတာငါးပါးမှောက်တယ် ~