ရက်တွေမှလ....လတွေမှနှစ်....ရာသီတွေပြောင်း...နှစ်တွေကုန်ဆုံးခဲ့ပါပြီ...
2 နှစ်ဆိုတဲ့...ကာလရှည်ကြီးက တအိအိကုန်ဆုံးခဲ့ပြီ... သူမထွက်သွားတာ ခုဆို 2နှစ်ရှိပြီ ။ ဒီ2နှစ်တော်တွင်းလုံး သူမတစ်ခါမှ အဆက်သွယ်မလုပ်လာခဲ့ပါ။သူမ မိဘတွေကော် သူ့ကိုကော် အဆက်သွယ် တစ်ခါမှမလုပ်လာခဲ့ပါ။ သူမဘယ်လိုမျိုးနေနိုင်တာလဲ ဒီမှာကျန်ခဲ့တဲ့ ကလေးနှစ်ယောက်လုံးကို သတိမရဘူးလား...ဘယ်လိုမိခင်မျိုးလဲ...သူ့ကိုစိတ်ဆိုးပြီး အဆက်သွယ်မလုပ်ချင်ရင်တောင် သူမ မိဘတွေဆက်သွယ်ပြီး ကလေးတွေ အကြောင်းမေးသင့်တယ်မလား ။ သူမထွက်သွားတော့ ကလေးနှစ်ယောက်လုံးမှာ အပျင်းအဖျားကြီးပြီး ဆေးရုံမှာ တစ်လလောက် ကုလိုက်ကသည်။ အဲ့ချိန် ကိုယ့်မှာ သောကပေါင်းဆုံး ကလေးတွေကို စိတ်ပူရနဲ့ သူမ ဘယ်အချိန်ဆက်သွယ်လာမလဲ ဆိုတာ အရူးတစ်ယောက်လိုစောင့်မျှော်ခဲ့သည်။ သူမက သူ့ကို မုန်းသလို သူလဲသူမကို စိတ်နာသည်။
'သူဌေး ဧည့်သည်ရောက်နေတယ်'
ကောင်းထက်... အပြင်မှာ ဧည့်သည်ရောက်နေကြောင်းလာပြောတာကို သူဌေးက ဘာတွေတွေးနေမှန်းမသိ သူရုံးခန်းထဲ ဝင်လာတာတောင် မသိရလောက်အောင် ဘာတွေတွေးနေမှန်းမသိ။ သူ ...အသံနဲနဲ မြှင့်ပြီး ခေါ်တော့မှပဲ အဆင်ပြေသွားသည်။
'ဘာလဲ မင်းကို ဘယ်နှခါ ပြောထားလဲ ငါ့အခန်းထဲဝင် ရင် တံခါးအရင်ခေါက်ဆိုတာ '
သူဌေးဟာ ကောင်းထက်ကိုမြင်တာနဲ့ ပိတ်ဟောက်မယ်ဆိုတာကြီးဘဲ သူလဲတံခါးခေါက်တာပဲ အထဲက ဘာအသံမှမပေးလို့ သူဝင်ချလာတာကို။
'ဟို ကျွန်တော် တံခါး ခေါက်ပါတယ် သူဌေးက အသံမပေးတော့ ကျွန်တော် အထဲဝင်လာတာပါ ဧည့်သည်က သူဌေး နဲ့တွေ့ခွင့်တောင်းနေလို့'
'ဘယ်သူလဲ'
'Hello ကိုကို '
ကောင်းထက်ကို ဧည့်သည်ဘယ်သူလဲမေးနေချိန် ရုံခန်းထဲ ဝင်လာတဲ့ ကောင်မလေး တစ်ယောက် ကျောလည်လောက်ထိရှိသော ဆံပင် တို့အား အလိမ်လေးတွေကောက်ထားကာ ဖြူနုနေသောမျက်နှာထက်တွင် မိတ်ကပ်တို့ ခြယ်သထားတာကြောင့် ကြွေရုပ်လေးပမာ။ ထိုကောင်မလေးဟာ ခွန်းရဲ့သူငယ်ချင်း သုတ ရဲ့ညီမလေး လီလီ ။သုတဟာ လွန်ခဲ့တဲ့ တစ်နှစ်က အဂ်လန် မိန်းကလေး နဲ့ လက်ထပ်လိုက်ပြီး အဲ့မှာပဲ အခြေချနေတော့သည်။မြန်မာပြည်မှာကျန်ခဲ့တဲ့သူ့ညီမဖြစ်သူလီလီကိုလဲ သူ့ကိုစောင့်ရှောက်ပေးဖို့မှာသွားတာကြောင့် သူ့မှာတာဝန်တစ်ခုပိုသည်။
YOU ARE READING
အမုန်းမာန၏~~~နောက်ကွယ်
Romanceခွန်းသတ်နိုင်~ မင်းခလေးဆိုတာလည်း ငါထည့်မှ ဗိုက်ကကြီးမှာ တစ်ယောက်ထဲမွေးမှာမဟုတ်ဘူး ~ ဆိုဖီယာ~ စောက်ချိုးမပြေတဲ့ကောင်ကိုလင်တော်ရတာငါးပါးမှောက်တယ် ~