38

12.4K 301 88
                                    

အချိန်အားဖြင့် ....ည ၉နာရီခွဲနေပြီ

မှန်တင်ခုံရှေ့မှာထိုင်နေတဲ့ဆိုဖီက နာရီတကြည့်ကြည့်နဲ့ အပြင်မှာ လျှောက်လည်နေတဲ့ သားဖသုံးယောက်ကို မျှော်နေမိသည်...  ကလေးတွေကစားကွင်းသွားချင်တယ်ဆိုပြီး ပူဆာတာကြောင့် ခွန်း ကအလုပ်ကအစောပြန်လာပြီး ခေါ်သွားသည် ညနေ ၅နာရီလောက်ထဲက ထွက်သွားကြတာ ည၉ခွဲနေပြီ ပြန်မလာသေးတာကြောင့် ဆိုဖီစိတ်ပူနေမိသည်  .. ဖုန်းဆက်ပြီး ဘယ်မှာလဲ ပြန်မလာသေးဘူးလားလို့မေးချင်ပေမဲ့ ကိုယ့်ဘက်ကစပြီးဖုန်းမခေါ်ချင်။
ဆိုဖီသက်ပြင်းဖွဖွချရင်း...ကလေးတွေစောင့်ဖို့ အောက်ထက်သို့ဆင်းလာလိုက်သည် ....

____________________

ကိုရီးယားကားကြည့်နေရင်း ဘေးမှာလာရပ်တဲ့ အရိပ်ကြောင့် ယမင်း ကြည့်လိုက်တော့ မျက်နှာပျက်နေတဲ့ လုံးလုံး တစ်ခုခုပြောချင်ပုံဖြစ်နေသာကြောင့်

'ဘာကိစ္စလဲ လုံးလုံး '

'ဟို ....ဟိုလေ'

ပြောစရာရှိတာမပြောဘဲ တဟိုဟိုလုပ်နေတဲ့လုံးလုံးကြောင့် ယမင်းစိတ်မရှည်ဖြစ်လာသည်

'ဘာပြောမို့လဲ ပြောလေ '

'ဒီအင်္ကျီတစ်ချက်လောက် ကြည့်ကြည့်ပါ မမလေး'

အင်္ကျီကြည့်ခိုင်းနေတဲ့လုံးလုံးကြောင့်
ယမင်းမျက်မှောင်ကြုပ်ပြီး လုံးလုံး လက်ထဲက ယောကျာ်း‌လေးဝတ်တီရှပ် အင်္ကျီအဖြူရောင်ကို လှမ်းယူလိုက်သည်

'ဒါ က ဘာလို့ ယမင်းလာပြနေတာလဲ နေပါအုန်း ဒါပါပါး အင်္ကျီ မလား'

ယမင်းအပြောကြောင့် လုံးလုံးခေါင်းညိမ့်ပြီး

'ဟုတ်တယ် အစ်ကိုလေး အင်္ကျီ ပါ'

'ဘာလုပ်ကမှာလဲ ပါပါး အင်္ကျီကို ရော့ပြန်ယူ'

'မမလေး သေချာကြည့်ပါ အစ်ကိုလေး အင်္ကျီကို '

‌လုံးလုံးအပြောကြောင့် ယမင်း ပါပါး အင်္ကျီကိုကြည့်တော့ ဘာမှထူးခြားတာလဲမရှိ 

'ဘာလို့ ယမင်းကိုကြည့်ခိုင်းတာလဲ ဘာဖြစ်လို့လဲ'

'ဟူးးး မမလေးရယ် အင်္ကျီကော်လံ ကြည့်ကြည့်'

အမုန်းမာန၏~~~နောက်ကွယ်Where stories live. Discover now