'သိပ်ပြီးတော့ စိတ်မပူပါနဲ့ ဒါကလေးတွေတိုင်းဖြစ်တတ်တဲ့ ရိုးရိုးဖျားနှာမှုလေးပါ ကျွန်တော်ပေးလိုက်တဲ့ ဆေးလေးတွေကိုပုံမှန်တိုက်ပေးပါ'
'ဟုတ်ကဲ့ ကျေးဇူးပါ ဒေါက်တာ'
'ရပါတယ် ဒါနဲ့ တစ်ခုမေးမယ်နော်'
'ဟုတ်ကဲ့ မေးပါ ဒေါက်တာ'
'ညီမက ဒီဇိုင်နာ ဆိုဖီယာ မလား'
ဆေးခန်းကုတင်ပေါ်က ကလေးနှစ်ယောက်ကို ချော့မြူရင်း ဒေါက်တာ အမေးကြောင့် ဆိုဖီ ခေါင်းညိမ့်လိုက်ပြီး
'ဟုတ်ပါတယ် ဆိုဖီသိတာလား'
'သိတာပေါ့ဗျ ဒီလောက်နာမည်ကြီးတာကို ဒါနဲ့ ဒီကလေးတွေက'
ဒေါက်တာ အမေးကြောင့် ဆိုဖီပြုံးလိုက်ပြီး
'ကျွန်မ ကလေးတွေပါ'
'ဗျာ မ မနောက်ပါနဲ့ ဆိုဖီလူလွတ်မလား '
တအံတဩနှင့် မေးလာသော ဒေါက်တာကို ဆိုဖီငဲ့ကြည့်၍ ပြုံးပြန်ကာ
'ကျွန်မ ဒေါက်တာကို နောက်စရာလား ဒီအမွှာလေးတွေက ကျွန်မသားနဲ့ သမီး'
'ဆိုဖီ မှာ အိမ်ထောင်ရှိတယ်လို့မကြားမိဘူးနော် ဘယ်ကဘယ်လို ကလေးတွေက'
စပ်စုနေသော ဒေါက်တာအား ဆိုဖီ မျက်မှောက်ကြုတ်ပြီး ကြည့်ပေးလိုက်ကာ
'ခွင့်ပြုပါအုန်း ဒေါက်တာ'
ဆိုဖီခပ်ပြတ်ပြတ်ပြောပြီး ဆေးခန်းထဲက ထွက်လာလိုက်သည်။ ဘယ်လိုဆရာဝန်မှန်းမသိ အမွှာလေး ၂ယောက်လုံး ဖျားနေလို့ ဆေးခန်းလာပြပါတယ် ဆရာဝန်က အချိုးကိုမပြေ လူကို ခေါင်းစခြေဆုံး အားမနာတမ်းကြည့်နေတာ စိတ်ပျက်စရာ
အရင်ကဆို ဆိုဖီကို ကလေးတွေနဲ့ဘာတော်လဲ မေးလာခဲ့ရင် တူလေးတွေတူမလေးတွေသာဖြေခဲ့ပေမယ့် ခုတော့ မလိမ်ချင်တော့တာကြောင့် အမှန်တိုင်းပြောလိုက်ခြင်း။
ကလေးတွေပါလာသောကြောင့် ကားကိုဖြေးဖြေးသာမောင်းလာသည် ခြံထဲကားဝင်ယုံပဲရှိသေး အိမ်ထဲကနေ
အသည်းသန်ပြေးထွက်လာသည့် ခွန်း
အခုမှ အသည်းသန် ဖုန်းဆက်တုန်းကမကိုင် ဆိုဖီနှုတ်ခမ်းမဲ့ချလိုက်ပြီး ကားပေါ်က ဆင်းလိုက်သည်
YOU ARE READING
အမုန်းမာန၏~~~နောက်ကွယ်
Romanceခွန်းသတ်နိုင်~ မင်းခလေးဆိုတာလည်း ငါထည့်မှ ဗိုက်ကကြီးမှာ တစ်ယောက်ထဲမွေးမှာမဟုတ်ဘူး ~ ဆိုဖီယာ~ စောက်ချိုးမပြေတဲ့ကောင်ကိုလင်တော်ရတာငါးပါးမှောက်တယ် ~