29

5.6K 127 9
                                    


Dj သံတွေနှင့် ကခုန်နေသည့်လူတွေနဲ့ မီးရောင်မှိန်ပြပြလေးတွေနဲ့ အားလုံးကစီးချက်ညီစွာ ခုံပေါက်နေသည်
ခွန်း ကတော့ club ရဲ့ထောင့်စွန်းကြသည့် နေရာတွင်ထိုင်နေသည် နက်ပြာရောင် hoodieနဲ့ ဂျင်းဘောင်းဘီ အနက်ဝတ်ထားတဲ့ ခွန်း မီးရောင်အောက်မှာ ဖြူဖွေးနေတဲ့ အသားရေနှင့် အရပ်ရှည်ရှည် body တောင့်တောင့်နဲ့ ခွန်း ကို
Club အတွင်းရှိမိန်းကလေးတွေက ခွန်း  ပေါ်၌အကြည့်တွေဝဲနေကြသည် ခွန်းကတော့ ဘယ်သူ့ကိုမှဂရုမစိုက် လက်ထဲမှာကိုင်ထားတဲ့ ဝိုင်ကိုသာသောက်နေသည် သုတနဲ့ သီဟအတင်းခေါ်လာလို့သာ သူဒီ Club ရောက်လာတာ ခေါ်လာတဲ့ ငနဲနှစ်ကောင်ကတော့ သွားကနေကြသည် ခွန်းကတော့ သွားမကဘဲ အေးဆေးထိုင်ပြီး ဝိုင်သောက်နေလိုက်သည် အတင်းခေါ်ဆောင်လာမှုကြောင့်သာ သူလိုက်လာလိုက်ကတာ ဘာမှလဲပျော်စရာမရှိ သူများတွေတွက် Club ထဲရောက်ရင် ပျော်သွားပေမဲ့ သူကတော့ စိတ်ရှုပ်ကတာပဲ အဖတ်တင်တယ်

'ဟိတ် တစ်ယောက်ထဲလား'

ခွန်းအသံလာရာကိုကြည့်လိုက်တော့ ကောင်မလေး တစ်ယောက် သူ့ကိုပြုံးပြီး ကြည့်နေသည်

'မင်း ဘယ်နှယောက်မြင်လို့လဲ'

'အဟား'

ခွန်းစကားကြောင့်သူမက ရီလိုက်သည်

'ပျင်းနေရင် ဒို့အဖော်လုပ်ပေးမယ်လေ'

'မလိုဘူး '

ခွန်းကမလိုဘူးလို့ပြောလိုက်တော့ သူမကအံဩသွားသည် သူမဘဝမှာ ဒါပထမဆုံးပဲ အငြင်းခံလိုက်ကတာ Club ထဲကကောင်လေးတွေဆို သူမအလှမှာ နစ်မျောသွားတဲ့လူတွေရီးပဲ ကိုယ့်အရှေ့မှာရှိတဲ့ယောက်ျားကတော့ သူမကို ဂရုတောင်မစိုက်

'ဘာလဲ ကျွန်မကမလှလို့လား မမိုက်လို့လား'

သူမအပြော်ကြောင့်ခွန်းသူရှေ့ကကောင်မလေးကိုကြည့်လိုက်သည် လှတယ် တတော်လှတယ် ဆွဲစောင်မှုတတော်ရှိတယ် ဒါပေမဲ့ သူစိတ်မဝင်စား

'ပြော်လေ ဘာလို့ပါးစပ်ပိတ်နေတာလဲ'

ခွန်းကသူမမေးတာကိုမဖြေတော့သူမကပြော်လာသည်

'မင်းမေးတိုင်းငါကဖြေကအောင် မင်းကဘာမဟုတ်လို့လဲ အာရုံလာမစားနဲ့ '

အမုန်းမာန၏~~~နောက်ကွယ်Where stories live. Discover now