အွန်း!..
မနက်ရောက်သည်နှင့် ဆိုဖီ လူတစ်ယောက်ရင်ခွင်ထဲကိုရောက်နေကာ လှုပ်မရအောင်ထွေးပွေ့အဖက်ခံထားရသည်။စောင်ခြုံထားသောငြား aircon.လေထုအေးစိမ့်စိမ့်ကြောင့် အနွေးဓာတ်ရှိရာကိုပိုးတိုးကပ်မိတော့ ခါးကိုဖက်ထားသော လက်တစ်စုံကပိုတင်းကြပ်သွားကာ။အလွန်နီးကပ်နေသည်ကြောင့် ဆိုဖီရဲ့ဝင်သက်ထွက်သက်ကတစ်ဖက်လူရဲ့ရင်ဘက်ကိုသွားရိုက်ခတ်နေတဲ့ထိ။ဟင်!ရုတ်တရပ်အသိကပ်သွားတဲ့ဆိုဖီမှာ ချက်ချင်းမျက်လုံးတွေပွင့်လာရသည်။ ဘေးကလူကိုကြည့်မိတော့.. ခွန်းသတ်နိုင်။ဒါဘယ်လိုအခြေအနေမျိုးကြီးလဲ။
ဘယ်လိုလုပ်သူက ဆိုဖီအခန်းထဲရောက်နေတာလဲ ညကအကြောင်းပြန်စဉ်းစားတော့လဲဘာမှစဉ်းစားလို့မရ သရဖီနဲ့ ဘားမှား သောက်နေတာပဲမှတ်မိ၏ အဲ့နောက်ဘာတွေဘယ်လိုဖြစ်ပြီး အိမ်ပြန်ရောက်လဲမသိလိုက် ပြီးတော့ ဆိုဖီ အခန်းထဲကို ခွန်းက ဘာလို့လာအိပ်တာလဲ တစ်ခုမှစဉ်းစားမရ အဝတ်စားလဲဘယ်သူလဲပေးထားမှန်းမသိ ကျစ်! ဆိုဖီစိတ်ရှုပ်ရှုပ်နဲ့ ဘေးမှာ အိပ်နေသည့် ခွန်းကိုနှိုးမယ်လို့ရည်ရွယ်ပြီးမှ အပြစ်ကင်းစွာ အိပ်မောကြနေသည့် ခွန်းကြောင့် သူမလက်ကရပ်တန့်သွားပြီး သူ့မျက်နှာချောချောကို သူမလက်ဖြင့် အသာယာထိတွေ့ပွတ်သပ်မိသည် ခွန်းမျက်နှာတစ်စိမ့်စိမ့်ကြည့်နေရင်း ကြည့်နေရင်း ရင်ခုန်သံတွေ ထိန်းမရအောင်ဆူညံလာကာ သူမဦးခေါင်းသည် သူ့မျက်နှာလေးနှင့် အနီးဆုံးသို့ညွှတ်ကျလာခဲ့ပြီး သူ့နှုတ်ခမ်းထူထူလေးနဲ့ အနည်းငယ်အကွာထိလုခင်အနေထားရောက်လာခဲ့လေမှ...
'ဟင့်အင်း မဖြစ်ဘူး မဖြစ်ဘူး'
အသိတစ်ချက်ဝင်လာတော့မှ သူမအမြန်ဆုံးအိပ်ယာပေါ်ကနေဆင်းလိုက်သည်။ရှက်ဖို့ကောင်းလိုက်တာခိုးနမ်းမိတော့မလို့အဖြစ်ကြောင့်သူမရှက်ရွံပူထူသွားမိသည်။သူမရှက်ရှက်နဲ့ပင်ရေချိုးခန်းထဲဝင်သွားလိုက်သည် ခွန်းအနားမှာကြာကြာနေလေ စိတ်မထိန်းနိုင်တော့ရင် ခုဏကလိုထပ်လုပ်မိမှာစိုးတာကြောင့်
သူမရေချိုးပြီးတာတောင် ခွန်းကမနိုးသေး နာရီကြည့်လိုက်တော့ နေ့လည် 11နာရီထိုးနေပြီ သူမအလုပ်လဲမသွားဖြစ်တော့ ခုထိအိပ်ယာမထသေးတဲ့ခွန်းလဲအလုပ်သွားမဲ့ပုံမပေါ် သူမခြေသံဖွဖွလေးနင်းလျှောက်ပြီး အခန်းထဲကထွက်ပြီး အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်
YOU ARE READING
အမုန်းမာန၏~~~နောက်ကွယ်
Romanceခွန်းသတ်နိုင်~ မင်းခလေးဆိုတာလည်း ငါထည့်မှ ဗိုက်ကကြီးမှာ တစ်ယောက်ထဲမွေးမှာမဟုတ်ဘူး ~ ဆိုဖီယာ~ စောက်ချိုးမပြေတဲ့ကောင်ကိုလင်တော်ရတာငါးပါးမှောက်တယ် ~