ဆိုဖီလမ်းထိပ်မှာ ခွန်း အလာကို ရပ်စောင့်နေတာ မိနစ်၂၀ ရှိနေပြီ အခုထိပေါ်မလာသေး ဘာများဖြစ်နေလို့လဲမသိ
ဆိုဖီဘေးမှာ Taxi တစ်စီး လာရပ်တာကြောင့် ကြည့်လိုက်တော့ ကားပေါ်ကနေဆင်းလာတဲ့သူကြောင့် မျက်လုံး အဝိုင်းသား ဖြစ်သွားကသည်
ခွန်းက ဘယ်လိုလုပ် Taxi နဲ့လာတာလဲ
အဖြူရောင် သတို့သားဝတ်စုံဝတ်ထားတဲ့ ခွန်းကို ဆိုဖီ မျက်လုံးအဝိုင်းသားနဲ့ ကြောင်ပြီးကြည့်နေမိသည်'ဆိုဖီ ကားပေါ်တက်လေ'
ဆိုဖီသူ့ကိုကြောင်ပြီး ကြည့်နေတုံး ကားပေါ်တက်ဆိုပြီး ပြော်ပြီး ဆိုဖီလက်ထဲက အထုပ်ကို သူယူကိုင်လိုက်သည်
ဆိုဖီ ဘာမှမပြော်တော့ဘဲ ကားပေါ်တက်ထိုင်လိုက်သည် ဘာလို့သူက Taxiငှားပြီး လာတာလဲ သူ့ကားကကော် ပြီးတော့ သူဝတ်ထားတဲ့ဝတ်ဆုံကြောင့် ဆိုဖီကြောင်နေမိသည် သူဘယ်သွားမှန်းလဲမသိ သူသွားမဲ့နေရာကိုလဲ ဆိုဖီကို မပြော်တာကြောင့် ဆိုဖီမေးလိုက်သည်
'ငါတို့ ဘယ်သွားနေတာလဲ ခွန်း'
'မန္တလေး'
မန္တလေးလို့ပြော်လိုက်တာကြောင့် ဆိုဖီ မျက်လုံးလေးတွေ ဝိုင်းစက်သွားသည် မန္တလေးထိတောင် သွားစရာလိုလို့လား
ဒီအချိန်ဆို မင်္ဂလာပွဲမှာ ပြဿာနာတက်နေလောက်ပြီ သူထွက်ပြေးလာတာကြောင့် သူအစထဲကပြော်ထားတာပဲ အရှက်တကွဲမဖြစ်ချင်ရင် မင်္ဂလာပွဲကိုဖျက်လိုက်လို့ပြော်တာကို အမေရော ဂျူးဂျူးရောက နားမှမထောင်တာ သူလဲမတတ်နိုင် ဟူးးးးးးး ခုချိန် သူ့စိတ်ထဲမှာ စိတ်လှုပ်ရှားနေတာကော် စိတ်ရှုပ်နေတာကော်က ရောပြွန်နေသည်
သူ့ဘေးမှာ ထိုင်နေတဲ့ သူမကိုကြည့်လိုက်တော့ အပြင်ကိုတွေတွေလေးငေးကြည့်နေတဲ့သူမ..... သူလဲစိတ်ရှုပ်နေတာကြောင့် သူမကိုဘာစကားမှမပြော်ဖြစ်သူမအငေးကောင်းနေတုန်း ကားရပ်သွားတာတောင်သတိမထားမလိုက်
'ဆိုဖီ ဆင်းကြရအောင် လေဆိပ်ရောက်ပြီ'
ခွန်းအသံကြားမှ ဆိုဖီသတိပြန်ဝင်လာပြီး ရောက်နေတဲ့နေရာကိုကြည့်လိုက်တော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာကြောင့် ဆိုဖီကြောင်အမ်းအမ်းနဲ့သူ့ကိုကြည့်လိုက်ပြီး
YOU ARE READING
အမုန်းမာန၏~~~နောက်ကွယ်
Romanceခွန်းသတ်နိုင်~ မင်းခလေးဆိုတာလည်း ငါထည့်မှ ဗိုက်ကကြီးမှာ တစ်ယောက်ထဲမွေးမှာမဟုတ်ဘူး ~ ဆိုဖီယာ~ စောက်ချိုးမပြေတဲ့ကောင်ကိုလင်တော်ရတာငါးပါးမှောက်တယ် ~