18

6.2K 222 12
                                    

ဒေါက် ဒေါက်

အခန်းထဲမှာဆိုဖီဖုန်းကြည့်နေစဉ် တံခါးလာခေါက်တော့ သွားဖွင့်လိုက်သည်

'မမလေး'

'လုံးလုံး ဘာလဲ'

'ဟို အစ်ကိုလေး ပြန်ရောက်ပြီ'

'သူပြန်ရောက်တာ ငါဘာလုပ်ကမှာလဲ'

'အစ်ကိုလေး မူးလာတယ်'

ဆိုဖီမျက်မှောက်ကြုတ်လိုက်မိသည် ခွန်းကတစ်ခါတစ်လေ ပါတီပွဲ‌ေတွပါတက်ရင် နဲနဲပါးပါး သောက်တာပါ ခုမူးလာတာဆိုတော့ ဘယ်လောက်တောင် သောက်လာလဲမသိ

'သူ့အမေကော်'

'အန်တီလေးလဲအောက်မှာ ရှိတယ် အန်တီလေးက မမလေးကို ခေါ်ခိုင်းလိုက်တာ အကိုလေးလာခေါ်ဆိုပြီး'

'ဟင်' ဘာလို့သူ့ကိုလာခေါ်ကမှာလဲ'

'အစ်ကိုလေးက မူးပြီးရစ်နေတယ် မမလေးလာခေါ်မှအပေါ်တက်မယ်ဆိုပြီး ဧည့်ခန်းထဲမှာထိုင်နေတယ် '

'ကျစ် စိတ်ရှုပ်လိုက်တာ'

ခွန်းကိုခေါ်ဖို့ ဆိုဖီအောက်ကိုဆင်းလာလိုက်သည် ဧည့်ခန်းထဲဝင်လိုက်တော့ တွေ့ပါပြီကိုယ်တော်ချော် ဘေးမှာလဲ သူ့အမေနဲ့ ယမင်းရှိနေသည်

'မား လာ လာ ဒီမှာပါးကရစ်နေတယ် '

စိတ်ကိုလျှော့ထားကသည် သူ့အမေရှိနေလို့သာ ဆိုဖီလာခေါ်တာ သူ့အမေသာ မရှိရင် ဆိုဖီလွှတ်ထားလိုက်သည်

'ခွန်း ထအပေါ်သွားမယ်'

'ဟင် 'မိန်းမလား ကိုယ့်သဲတုံးလေး ကိုယ့်ကိုလာခေါ်ပြီလား အစ် ချစ်လိုက်တာ အစ် အစ်'

ဆိုဖီလက်ကိုဆွဲပြီး မူးမူးနဲ့ပေါက်ကရာ‌ေတွပြော်နေတဲ့ခွန်း ဘယ်လောက်တောင်သောက်ထားလဲမသိ အမေအရှေ့မှာလဲအရှက်မရှိ‌‌ေလျှာက်ပြော်နေသည် အရက်အနံကိုဆိုဖီမကြိုက်ဘူး ဒါပေမဲ့ခွန်းကအရမ်းသာမူးနေတာ အရက်နံကသိပ်မထွက် အကောင်းစားအရက်တွေသောက်တော့ အနံမထွက်တာ ဖြစ်မယ်

'ထ ထ လာ သွားမယ် '

'ဘုတ်'

ဟင် ဆိုဖီကသူ့လက်ကိုဆွဲပြီးထခိုင်းနေတာကို မထဘဲနဲ့ သူကပြန်ပြီးဆိုဖီလက်ကို‌ေစာင့်ဆွဲလိုက်တော့ သူပေါင်ပေါ်ဆိုဖီထိုင်လျှက်သားဖြစ်သွားသည် သူ့ကိုယ်ပေါ်ကအမြန်ပြန်ထဖို့လုပ်ချိန် သူက တင်းကြပ်စွာဖက်ထားသည်

အမုန်းမာန၏~~~နောက်ကွယ်Where stories live. Discover now