42

3.1K 184 12
                                    

'ဟင် ဘာလို့ အဆုံးသတ်ကမှာလည်း ကိုယ်အဲ့လိုမလုပ်နိုင်ပါဘူး'

ခပ်ထေ့ထေ့အပြုံးနှင့်အတူပြောင်ချောချောမျက်နှာဘေးနှင့် သူ့စကားကြောင့် ဆိုဖီမျက်လုံးတွေစူးတောက်သွားကာ မျက်နှာပျက်ယွင်းသွားရ၏။သူ့ကောင်မလေးနဲ့အဆုံးမသတ်ချင်ရင် ဘာလို့ဆိုဖီနဲ့အဆင်ပြေချင်တယ်လို့ပြောကတာလဲ သူဟိုတစ်ယောက်နဲ့ဆက်တွဲနေမယ်ဆိုရင်တော့ ဆိုဖီသူပြောသလိုမလုပ်နိုင်ပါ။

'နင်ကဘာလဲ အခုလေးတင်ငါနဲ့အဆင်ပြေချင်တယ်ပြောပြီး တစ်ဖက်ကိုလဲ လက်မလွှတ်နိုင်ဘူးဆိုတော့ 'ဟက်' နင်က လေလှံနှစ်ဖက်နင်း‌ချင်နေတာပဲ   ဟိုဘက်လဲမပြတ်နိုင်ငါနဲ့လဲအဆင်ပြေချင်တယ်ဆိုတော့ နင်ကဘာလဲ'

ဘာမှမပြောဘဲဆိုဖီပြုံးပြီးကြည့်နေတဲ့သူ့ကြောင့် ဆိုဖီဒေါ်သအဆမတန်ထွက်လာရသည် မျက်စိရှေ့မှာရှိနေတဲ့သူကိုတစ်ခုခုလုပ်မိမှာစိုးတာကြောင့် အခန်းထဲထွက်မို့ဆုံးဖြတ်လိုက်သည်။သူနဲ့မျက်နှာချင်းဆိုင်မှ‌ကျောဘက်ကိုလှည့်၍တံခါးလက်ကိုင်ကိုလှည့်ဖွင့်
လိုက်တဲ့ဆိုဖီလက်ပေါ်သို့ခွန်းလက်ဖဝါးကြီးကြီး အုပ်မိုးလာကာ ဆိုဖီကျောပြင်တစ်ခုလုံးကသူ့ရင်ခွင်ထဲသို့ရောက်သွားလေ၏။

'စကားပြောလို့မပြီးသေးဘူးလေ ဘယ်သွားမို့လုပ်နေတာလဲ'

အုပ်မိုးထားတဲ့ သူ့ခန္ဓာကိုယ်ကို ဆိုဖီရှောင်ထွက်မို့လုပ်တော့ သူ့ရင်ခွင်ထဲကအထွက်မခံ လက်ကလဲအငြိမ်မနေ ဆိုဖီခါးကိုရစ်သိုင်းဖက်လာတော့ ဆိုဖီမနေတတ်တော့၍ခါးပေါ်ကသူ့လက်ကိုဖယ်တော့ အဖယ်မခံ ပို့လိုတောင်တိုးဖက်လာပြီး ပါးဖောင်းဖာင်းလေးပါအ နမ်းခံလိုက်ရတာ‌ကြောင့်ဆိုဖီမျက်နှာလေးရဲတွက်သွားရ၏

ပါးလေးနှစ်ဖက်ဘယ်ညာနမ်းပြစ်ကာ မျက်နှာတပြင်လုံးနေရာလွတ်မရှိအောင် အတင်းနမ်းပြစ်၏။

'ခွန်း ဘာလုပ်တာလဲ နင်လွန်နေပြီနော်'

'ကိုယ့်မိန်းမကိုယ်နမ်းတာ ဘာလွန်လို့လဲ'

ခွန်းစကားကြောင့်သူမနှုတ်ခမ်းမဲ့လိုက်ပြီး

'နင့်ကောင်မနင်သွားနမ်း ဖယ် ငါ့ကိုလွှတ်'

အမုန်းမာန၏~~~နောက်ကွယ်Where stories live. Discover now