ကျောင်းနားရက်ဆိုတော့ ခွန်းအပြင်မထွက်ဘဲ အိမ်ထဲမှာပဲ အောင်းနေသည် သုတနဲ့သီဟက ခွန်းအိမ်ကို လာလည်မယ်ဆိုပြီးဖုန်းဆက်ထားလို့ ခွန်းအပြင်မထွက်ပဲ သူတို့အလာကိုစောင့်နေသည်
'မင်းတို့က ကြာလိုက်တာ ဖုန်းဆက်ထားတာကြာပြီ ခုမှရောက်လာတယ်'
သုတနဲ့သီဟရောက်လာတော့ ကြာလို့ဆိုပြီး ခွန်းကအပြစ်တင်နေသည်
'ကားလမ်းတွေပိတ်နေလို့ ကြာသွားတာပါကွာ'
'ဒီဘူတာပဲ ဆိုက်တယ် ကားလမ်းပိတ်လို့ကြာတာ ဘာညာ မင်းတို့နောက်ဆင်ခြေ ပေးလို့မရဘူးလား'
'မင်းကတော့လေ ငါတို့ကိုဆိုပြော်မယ်ဆိုတာကြီးပဲ တကယ် ကားလမ်းပိတ်နေလို့ ကြာတယ်ပြော်တာ မင်းကမယုံဘူးလား'
'ထားလိုက်တော့'
ခွန်းကပြော်ပြီး ဧည့်ခန်းထဲဝင်သွားတော့ သုတနဲ့သီဟပါ ခွန်းအနောက်ကိုလိုက်သွားသည်
'အန်တီကော်'
သီဟက ခွန်းအမေကိုမတွေ့တာနဲ့မေးလာသည်
'အမေ အပြင်သွားတယ်'
'အော် '
'မင်းတို့ဘာစားမလဲ'
ခွန်းကဘာစားမလဲမေးလိုက်တော့ သုတနဲ့သီဟက
'ငါတို့က ဘာလာလာ ဒေါင်းတယ် ကြိုက်သာကျွေး'
'လုံးလုံး!!
'ရှင် အစ်ကိုလေး'
အလုပ်သမားကောင်မလေးက ခွန်းခေါ်တာနဲ့ အပြေးတစ်ပိုင်းမီးဖိုချောင်ကနေ ထွက်လာသည် အမြန်မထွက်လာလို့လဲမရ အစ်ကိုလေး ဒေါ်သကြီးတာကိုသိလို့ အိမ်မှာ အစ်ကိုလေးအမေထက် အစ်ကိုလေးကိုပိုကြောက်ကသည် တစ်ခုခု အလိုမကြရင် ဝုန်းဒိုင်းကြဲမယ်ဆိုတာကြီးပဲ
'သူတို့နှစ်ယောက်တွက် စားစရာတစ်ခုခုလုပ်ပေးလိုက်'
'ဟုတ်.ကဲ့ အစ်ကိုလေး'
'သွားတော့'
'ဟုတ်'
'ဟျောင့် ဖြဲလှချည်ရီးလား ဟိုကောင်မလေး မင်းမျက်နှာတောင် မကြည့်ရဲ ခေါင်းကိုအောင်ငုံ့ထားတာ မင်းဘာတွေလုပ်ထားလို့လဲ '
YOU ARE READING
အမုန်းမာန၏~~~နောက်ကွယ်
Romanceခွန်းသတ်နိုင်~ မင်းခလေးဆိုတာလည်း ငါထည့်မှ ဗိုက်ကကြီးမှာ တစ်ယောက်ထဲမွေးမှာမဟုတ်ဘူး ~ ဆိုဖီယာ~ စောက်ချိုးမပြေတဲ့ကောင်ကိုလင်တော်ရတာငါးပါးမှောက်တယ် ~