(flash back end....ဒီအပိုင်းကနေစပီး... နောက်ကြောင်းပြီးပါပီနော် အပိုင်း ၂၂ အဆက်ကပါ ဒီအပိုင်းက"
'ဒေါက် ဒေါက်' တံခါးခေါက်သံ
'ဝင်ခဲ့ တံခါးဖွင့်ထားတယ်'
မာမားဆီက ဝင်ခဲ့ဆိုတဲ့ခွင့်ပြုချက်ရတာနဲ့ ယမင်း ...မာမားအခန်းထဲ ဝင်လာလိုက်သည်။
'မာမား...သက်သာရဲ့လား သမီး ပါပါးကိုဖုန်းဆက်ထားတယ် ခဏနေရောက်လာလိုက်မယ်'
'ကျစ် နင်ေတာ်တော လျှာရှည်တာပဲ ဘာလို့သူ့ကိုဖုန်းဆက်လိုက်တာလဲ '
'မာမားမှ နေမကောင်းတာ ဘေးမှာ ပါပါးရှိမှ အဆင်ပြေမှာပေါ့'
'မလိုပါဘူး ငါသေတော့မဲ့ရောဂါဖြစ်နေတာမှမဟုတ်တာ ဒီတိုင်းရိုးရိုးဖျားတာ'
'ဘယ်လိုပဲ ဖြစ်ဖြစ် မိန်းမနေမကောင်းတာ ယောက်ျားသိသင့်တာပဲလေ'
ယမင်းအပြောကြောင့် ဆိုဖီနှုတ်ခမ်းကို မဲ့ချလိုက်သည် သူ့ကိုကွာရှင်းခွင့်တောင်းတဲ့နေ့ထဲက အိမ်ကထွက်သွားတာလိုက်တာ ဒီနေ့နဲ့ ဆို တပတ်ရှိပြီ
'ဆိုဖီ နေမကောင်းဘူးဆို ဘာဖြစ်တာလဲ'
အခန်းထဲကို အလောတကြီး ဝင်လာပြီး ဆိုဖီ နှဖူးကို စမ်းဖို့လုပ်နေတဲ့ သူ့လက်ကို ဆိုဖီ ပုတ်ချလိုက်တော့ မျက်နှာပျက်သွားတဲ့ ခွန်း
'ကယ် ပါပါး လာပြီဆိုတော့ ယမင်း သွားတော့မယ် '
ခွန်းရောက်လာတော့ ယမင်း အခန်းထဲကထွက်သွားသည်။
'မင်း...ဖျားနေတယ်ဆို သက်သာလား '
'အွန်း'
'ဆေးခန်းသွားမလား ဒါမှမဟုတ် ဆရာဝန်ပင့်လိုက်ကမလား...'
ခွန်းအပြောကြောင့် ဆိုဖီခေါင်းရမ်းလိုက်ပြီး
'သက်သာပါတယ်လို့ ပြောနေတာ နားမလည်ဘူးလား.... အအေးပတ်ပြီး ဖျားတာ လူကို မသေနိင်ဘူး ဆေးသောက်ထားတယ် ဆေးခန်းပြစရာမလိုဘူး'
ခပ်မာမာပြောလာတဲ့သူမစကားကြောင့် ခွန်း စိတ်တိုသွားသည် ကိုယ်ကစိတ်ပူပြီးမေးတာကို ပြန်ဖြေတဲ့အသံကိုက အချိုးမပြေ။ သူမနေမကောင်းဘူးဆိုပြီး ယမင်းဖုန်းဆက်လာတော့ သူ့မှာစိတ်ပူပြီး Company ကနေအပြေးလာတာ
YOU ARE READING
အမုန်းမာန၏~~~နောက်ကွယ်
Romanceခွန်းသတ်နိုင်~ မင်းခလေးဆိုတာလည်း ငါထည့်မှ ဗိုက်ကကြီးမှာ တစ်ယောက်ထဲမွေးမှာမဟုတ်ဘူး ~ ဆိုဖီယာ~ စောက်ချိုးမပြေတဲ့ကောင်ကိုလင်တော်ရတာငါးပါးမှောက်တယ် ~