စပါတာ နဲ့ရောမ ကြားရှိ အမုန်းတရားတို့ကြောင့်
စစ်မီးငြိမ်းရိုးထုံးစံမရှိခဲ့.....။
ရောမမင်းသမီး၏ လက်ထပ်မင်္ဂလာသတင်းသည်
အိမ်နီးနားချင်းနိုင်ငံတွေကို စစ်အတွက်ဖိတ်ခေါ်ခဲ့သယောင်။
မင်္ဂလာသတင်းနဲ့အတူ ရောက်ရှိလာခဲ့သည်က စပါတာတို့၏ ကျူးကျော်စစ်ပင်။
........................................................................
မမွေးဖွားလာသေးသော အလက်ဇန္ဒြားငယ်လေး၏ ဘုန်းတန်ခိုးနှင့် ရင်ခွင်ပိုက်အုပ်စိုးသူ အရှင်ပတ်ချန်၏ ထက်မြက်မှုတို့ကြောင့် ရောမ၏အာဏာစက်ပိုမိုကျယ်ပြန့်လာသည်ဟုပြောကြသည်။
(၆)လတိတိပင် စစ်ကိုဆင်နွဲခဲ့ရ၏။
ရောမ၏စစ်သည်တို့သည်လည်း အပြိုင်းပြိုင်း။
စစ်သွေးစစ်မာန်ကြောင့်သာ တောင့်ခံနေကြပေမယ့် အခုတော့ အောင်ပွဲနှင့်အတူရောမသို့
ပြန်၍ခြေချလာကြပေသည်။
........................................................................
စခန်းစောင့်များအဖြစ်ကျန်ရစ်ခဲ့ရသည်မို့
အောင်ပွဲရစစ်သည်များအိမ်ပြန်လာသည့်သတင်းက ဆူးကိုဖင်တကြွကြွဖြစ်စေသည်။
ဆူးတို့ပင်မတပ်စခန်းတို့ပြန်လာသူများတွင်
အရှင်ပါလာလေမလားမျှော်ရသည်က အမော။
ဟော...........အရှင်ဂျွန်တော့ ပြန်ရောက်လာပါလား။
ဒါဖြင့် အရှင်ကရော.....
တသဲသဲဝင်လာကြသောစစ်သည်များသာ လူစုံသွားသည်။
အရှင်ကတော့ ပါမလာချေ။
အောင်ပွဲရစစ်သည်တို့ကို ပြုံးပြုံးရွှင်ရွှင်မကြိုဆိုနိုင်သူမှာ ဆူးတစ်ယောက်သာရှိပေလိမ့်မည်။
ဆူး ရင်ထဲတွင်ပူလှချေသည်။
အရှင်ရယ် မျက်နှာလေးတောင် မြင်ခွင့်မရနိုင်တော့သည်လား....။
"ဆူးငယ်...."
အရှင်ဂျွန်၏ခေါ်သံကြောင့် မျက်နှာကိုပြင်ကာ
ပြုံးပြလိုက်သောလည်း မချိပြုံးသာဖြစ်သွားသလိုခံစားရလေသည်။
ဒါကိုပင် အရှင်ဂျွန်က နားလည်သလိုပြုံးပြရင်း
"ပတ်ချန်ကို ဆူးငယ်ရှာနေတယ်လို့ ကိုယ်ထင်လို့..
အရှင်မက မီးဖွားဆောင်ဝင်ဖို့နီးနေပြီလေ....
မင်းသားလေး မီးဖွားပြီးမှပဲ သူလာလိမ့်မယ်ထင်တယ်"
ВЫ ЧИТАЕТЕ
အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)
Фанфикшнအချစ်သည် သင့်ထံတွင် စတင်၍ သင့်ထံ၌သာ အဆုံးသတ်သည်
