အချစ်ဖြင့်လောင်ကျွမ်းကြသူများ-၂၄

124 21 0
                                        


"လာစမ်း......."

ဆူးကိုယ်ပေါ်က လူကို ကန်ထုတ်ကာ ဆူးကိုအတင်းဆွဲထူလိုက်သည်မို့ အရှင်ဆွဲရာသို့ စွေ့ကနဲ ပါသွားရသည်။
ပြဲစုတ်နေသော အဝတ်တို့ကို ပြန်မကောက်ပေးဘဲ
အရှင့်ဝတ်စုံနဲ့သာ ဆွဲခြုံပေးလိုက်တာမို့ ဆူး
ကြိတ်ကြည်နူးသွားရသည်။

အရှင့်လက်ထဲမှနေရင်း မျက်နှာတော်ကိုမော့ကြည့်မိတော့ ဒေါသကြောင့် ကြမ်းတမ်းနေသည့်အရှင့်ကိုတွေ့ရသည်။
ဆူးကို ရင်ခွင်ထဲတွင် ထိန်းထားရင်း ဆူးအားကြံစည်သည့်ထို လူကို စိတ်မထိန်းနိုင်စွာပစ်ပစ်ကန်နေသည်။
အရှင့်ဘေးက အရှင်ဂျွန်ကတော့ မတုန်မလှုပ်ပင်။

သောင်းကြမ်းနေသော အရှင်ကိုလည်း မတား၊
အရှင်ဂျွန်သည်ကလည်း ရေခဲရိုက်ထားသည့်အေးစက်စက်မျက်နှာနှင့်မို့ မကြာသေးခင်က မေ‌ျာက်ပွဲကြည့်သလို ဝိုင်းနေသောသူများက အလျိုလျို ပျောက်ကုန်ကြသည်။

အရှင်ပတ်ချန်ကတော့ ဆူးအားပွေ့ချီထားလျက်ပင် ထိုသူအားကန်နေတုန်းပင်။

စိတ်ပြေသလောက်ကန်ပြီးမှ အရှင်ဂျွန်အား နေခဲ့ရန်အချက်ပြပြီး ထိုနေရာမှထွက်လာခဲ့လေသည်။

-----------------------------------------------------------

အရှင်၏ တဲအတွင်းသို့ရောက်လေတော့ ဆူးအား မညှာတာစွာပင် ပစ်ချလေသည်။

ဆူးပါးအစုံကိုလည်း လက်နှင့်တင်းတငိးညှစ်ကာ

"ငါ မရှိတဲ့အချိန်အတောအတွင်းမှာ သိပ်ကိုဆာလောင်နေတယ်ပေါ့လေ.....
ဟုတ်လား.....
လူမြင်ကွင်းမှာတောင် မရှောင်ဘဲ ခံနိုင်နေတယ်ဆိုတော့ မင်းက ငါတို့တပ်ထဲကလူစုံနဲ့ခံပြီးသွားပြီဆိုတဲ့ သဘောလား......"

ပါးကိုညှစ်ထားလို့ နာတာထက် အရှင်ပြောသည့်
စကားလုံးတွေက ပိုနာသည်။
ရင်ကိုခွဲကာ ဆားသိပ်နေသလိုပင်။
ဆူးအား အပျော်မယ်တစ်ယောက်လိုပင်သဘောထားကာ ဆူး၏မေတ္တာနှင့် သစ္စာတရားကိုစော်ကားနေလေသည်။
အရှင့်ကိုမုန်းသည်။

ရစ်ဝဲလာသော မျက်ရည်ဥတို့ကို ခပ်ကြမ်းကြမ်းသုတ်ပစ်ရင်း ဆူးရုန်းလိုက်သည်။
ညှစ်ခံထားရသည့်ပါးတို့က မလွတ်။

အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)Onde histórias criam vida. Descubra agora