အောင်ပွဲခံနိုင်ခဲ့သော တိုက်ပွဲဖြစ်လင့်ကစား တပ်ချုပ်သေနာပတိက ဒဏ်ရာသည်းကာ သတိပင် မရတချက် ရတချက်မို့ တဦးတယောက်မှ အောင်ပွဲဆင်ကာ မပျော်ရွှင်နိုင်.
ပန်း၏ အမြစ်တို့နှင့် ဖော်စပ်သော ဘာခ့်တို့၏ လက်စွဲအဆိပ်သည် အားအင်နည်းပါးသူဆိုလျှင် တခါတည်းပင် အသက်ဓာတ်ချုပ်နိုင်စွမ်းသည်မို့ တပ်တွင်းရှိ သမားတော်တို့၏ ပတ်ချန် စစ်တဲအတွင်းသို့ ဝင်ချည် ထွက်ချည် အလီလီပြုကာ စောင့်ကြည့်နေရသည့် အနေအထား.
ဆူး ငိုချင်သည်.
လူကြီး သည် သူကိုယ်တိုင်သာဆိုလျှင် မြူတမှုန်မျှတောင် ခလုတ်မထိ ဆူးမငြိနှင့် ခြစ်ရာစိုးစဉ်မျှပင် မရမထင်လေအောင် တိုက်ပွဲဝင်နိုင်သူဖြစ်သည်.
ခုတော့ဖြင့် ဆူးအား ထိခိုက်မည်ဆိုး၍ သူကိုယ်တိုင် အထိခိုက်ခံရခြင်း ဖြစ်သည်.ဆူး သေသွားရင်ဖြင့် ပေါက်တိပေါက်စ စစ်သည်မို့ မည်သူအတွက်မှ နစ်နာဖွယ် မရှိသော်လည်း လူကြီးကတော့ ထိုသို့မဟုတ်.
တိုင်းပြည်အတွက် ၊ မိသားစုအတွက်၊ ပြီးတော့ လူကြီးကိုယ်တိုင်အတွက် အများကြီး နစ်နာမှုဖြစ်သွားနိုင်သည်.
လူကြီး၏ စကားကို နာခံကာ အစကပင် မလိုက်သွားမိလျှင် ကောင်းလိမ့်မည်.
အဖြစ်မရှိဘဲ မာနတံခွန်ထူချင်နေသော ဆူး၏ ခေါင်းမာမှုကြောင့်သာ လူကြီးထို့သို ထိခိုက်ရခြင်း ဖြစ်သည်.ဆူး ရယ်...
မင်း ရူးမိုက်လွန်းပါဘိ.
သွေးတို့ကို ရဲရဲမကြည့်ရဲပါပဲနဲ့.
ဓားကိုတောင် မြဲမြဲ မစွဲနိုင်ပါပဲနဲ့.
ရန်သူတယောက်ကိုတောင် ကျူပင်ခုတ်ကျူငုတ်မကျန် စိတ်နဲ့ မရှင်းလင်းသုတ်သင် နိုင်ပါပဲနဲ့...
ဘာကြောင့်များ ရူးရူးမိုက်မိုက် လုပ်ချင်ခဲ့ရတာလဲ.
ခုတော့ဖြင့်...ဆူး.ကြောင့်....ဆူး...ကြောင့်.........အတွေးတို့ကြောင့် လူကြီးထိခိုက်ရခြင်း၏ အဓိကတရားခံက ကိုယ်ဟု တွေးကာ မိမိကိုယ်ကို အပြစ်တင်မိသည်.
မင်းကြောင့်...ဟူ၍ လက်ညှိုးထိုးကာ အပြစ်တင်နေသူ တစုံတယောက်ပင် မရှိလင့်ကစား ဆူးအနေဖြင့်တော့ ရင်မအေးနိုင်.
ကိုယ့်အား ကယ်တင်၍ ဖြစ်ရခြင်းဆိုသည်ထက် လူကြီး၏ ထိခိုက်ရခြငိးကို ပိုကာ ခံစားရခြင်းဖြစ်သည်.
ငူငူငိုင်ငိုင်ထိုင်ရင်း ခေါင်းကိုလည်း တဒုတ်ဒုတ် ထုနေမိသည်.
VOCÊ ESTÁ LENDO
အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)
Fanficအချစ်သည် သင့်ထံတွင် စတင်၍ သင့်ထံ၌သာ အဆုံးသတ်သည်