နေ့ရက်တို့က ချိုမြိန်သည်.
ပျားရည်အတိပြီးသည့် ခဲဖွယ်တမျိုးလိုပင်.အမည်ဖော်ကာ ခေါင်းစဉ်မတပ်တတ်သော ခံစားချက်တို့နှင့် ဆူးလုံးလည်ခြာလိုက်ကာ နေသည်.
ဆူး တို့အဖြစ်က ပြေးတမ်းလိုက်တမ်း ကစားနေကြသူများလိုပေ.
ဘယ်သူက ပြေးကာ ဘယ်သူက လိုက်နေသည်ဟု အတပ်မဆိုနိုင်ပေမယ့် ဒီအဖြစ်အပျက်တို့ပေါ်က လူကြီး၏ ဆူးအား အရေးထားမှုတို့ကို မြင်ရတော့ ဆူး ပျော်မွေ့သည်.
မိဘနှစ်ပါးနှင့် ကိုကို၏ ဂရုစိုက်မှုမှအပ တခြားသူတို့၏ အရေးပေးမှုတို့ကို မရခဲ့ဖူး၍လား မသိ.
ဒီလူကြီးမှ ဆူး အား အလေးထားအရေးပေးလေတော့ စိတ်နှလုံးက ဝါဂွမ်းဆီထိ မွေ့ပျော်ဝမ်းမြောက်သည်.
သေချာသည်တခုကတော့ ဆူးသည် ထိုလူကြီးအား တမျိုးတမည် ငြိတွယ်မိနေပြီ ဖြစ်သည်.
လူကြီးကရော ဆူး အပေါ် မည်သို့သော ခံစားချက်ရှိလေသနည်း.
အမှားတို့အတွက် ပြန်ကာ ပေးဆပ်ခြင်းလား.
သနားသဖြင့် ယုယခြင်းလား.
သို့မဟုတ် ဆူးနည်းတူပင် ခံစားချက်တို့ ရှိနေလေသလား.
ဆူး သိချင်စမ်းပါဘိ.
......................................................"မင်း ရွေးထားတဲ့ လူတွေကို ငါ သဘောမတူဘူး..ဂျွန်..."
မျက်နှာထားတင်းတင်းနှင့် သခင်ဂျွန်အား ပြောဆိုနေသော လူကြီးကို ရွေးချယ်ခံထားရသော စစ်သည်များအကြား ရပ်နေရင်းမှ ခေါင်းလေးစောင်းကာ ချောင်းကြည့်မိသည်.
မမြင်ရပေ.
စေ့စေ့ကပ်ကာ ညီညီညာညာပိတ်ရပ်ထားသည့် စစ်သည်တို့ကြောင့် ဆူး လူကြီးကို မမြင်ရ.
ရလေမလားဟု ခြေဖျားထောက်ကာ ခေါင်းမော့ကြည့်သည်.
ဒါသည်လည်းပဲ မမြင်ရ.
ဆူး ထက်ရှည်လျားသော အရပ်ပိုင်ရှင်များအကြားတွင် အရပ်ထောက်ရ၍ ခြေထောက်ညောင်းသည်သာ အဖတ်တင်သွားသည်.
လူကြီးကို မမြင်ရပေ.သို့ပေမယ့်လည်း တင်းမာနေသော လူကြီး၏ အသံအနေအထားအရ လူကြီးသည် မျက်မှောင်တို့ကြုံကာ စူးရဲနေမည့် လူကြီး၏ ဒေါသထွက်နေပုံကို ခန့်မှန်း၍ ရသည်.
ယခု ဆူးတို့အား ဤနေရာတွင် လူစုထားခြင်း အကြောင်းအရင်းကို မသိရပေမယ့် ဤလူစုသည် လူကြီးနှင့်အတူ တနေရာသို့ သွားရမည်ကို ဆူးသိသည်.
သခင်ဂျွန်၏ တပ်စိတ်နှင့် လူကြီး၏ တပ်စိတ်မှ ဆယ်ဂဏန်းသာရှိသော စစ်သည်အရေအတွက်တို့ကို ရွေးထုတ်ထားခြင်းဖြစ်သည်.
လူကြီး ရွေးထားသော စစ်သည်တို့က လက်ရွေးစင် စစ်သည်များသာ ဖြစ်ပြီး သခင်ဂျွန်သည်လည်း ထိုနည်းလည်းကောင်း လက်ရွေးစင်များသာ ရွေးချယ်ထားခြင်းဖြစ်သည်.
ဆူး ကတော့ ချွင်းချက်ဖြစ်သည်.
YOU ARE READING
အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)
Fanfictionအချစ်သည် သင့်ထံတွင် စတင်၍ သင့်ထံ၌သာ အဆုံးသတ်သည်