အချစ်ဖြင့် လောင်ကျွမ်းကြသူများ -၁၀

663 115 13
                                        

အမြဲ ပြေးနေရတဲ့ သားကောင်ဟာလည်း တကြိမ်တခါမှာတော့ မုဆိုး ဖြစ်နိုင်ပါလေရဲ့....

ဓားပြစခန်းမှ ဆူး အား ကယ်တင်လာသော ကျေးဇူးရှင်ကို သိရန်အလို့ငှါ မျက်လုံးတို့ကို အားစိုက်အလုပ်ပေးလေတော့ ဝိုးတဝါး ပုံရိပ်မှ အတန်ငယ် ပီပြင်လာသည်.
စိတ်၏ စေစားမှုကြောင့် ထင်သည်.
ဆူး၏ အကြောက်ရွံဆုံးသော လူသားကိုသာ မြင်ရသည်.
သို့ကြောင့် မျက်လုံးတို့ကို မှိတ်ချကာ တစ်ခါပြန်ကြည့်လေတော့မှ မြင်ကွင်းက ပို၍ တိကျပြတ်သားလာသည်.

ဟုတ်ပေသည်.
သစ်ပင်အရင်းတွင် ကိုယ်ကိုမှီကာ အိပ်နေသော ထိုလူသားသည် ဆူး၏ တဖန်ပြန်လည်စတင်သော ဘဝကို ညစ်နွမ်းစေသော၊ ကိုကို့အား ဒုက္ခိတိ ဘဝကိုရောက်စေသော အရင်းအမြစ် စစ်သေသနာပတိ သူရဲကောင်းချုပ် ပတ်ချန် ပေသည်.

ထိုသူအား မြင်လေတော့ ဓားပြစခန်းတွင် ရခဲ့သော ဒဏ်ရာတို့က နာကြင်မှု ပိုတိုးလာသလို ခံစားရသည်.
သူသည်သာ ဆူး အား မကြံစည်ခဲ့လျှင် ဆူး သည် ယခုအချိန်ထိ စစ်စခန်းတွင် စိတ်လက်အေးသာစွာနှင့် နေနိုင်ပေလိမ့်မည်.
သို့တည်းမဟုတ် ကိုကို့အား ဒုက္ခိတဖြစ်စေသော အမိန့်ကို မပေးခဲ့လျှင် ကျွန်တယောက်အဖြစ်နှင့်ဆိုရင်တောင် မြို့တော်တွင် ကိုကိုနှင့်အတူ ရှိပေနိုင်ဦးမည်.

ခုတော.....
ခုချိန်မှာတော့ ဆူး တွင် ဒဏ်ရာပလပွနှင့် ဦးတည်ရာမဲ့ ဘဝနှင့် တစ်ဦးတည်းသော သွေးရင်းချာနှင့် အဝေးဆုံး တနေရာတွင် ရှင်သန်နေရသည်.
ထိုသို့သော ကံတရားကို စတင်စေခဲ့သူသည် သည်လူသား.
ဆူး ၏ ဘဝအား ပျက်သထက် ပျက်စေသူမှာ သည်လူသား.

သည်လူသားသာ မရှိခဲ့လျှင် ၊ သည်လူသားနှင့်သာ မတွေ့ခဲ့လျှင် ဆူး ဘဝ ဤမျှတော့ မဆိုးဝါးနိုင်ပေ.
သို့မဟုတ် သည်လူသားနှင့် တွေ့ဆုံရခြင်းသည် ဤမျှနှင့်သာ ရပ်တန့်ခဲ့လျှင် သည်အခြေအနေထိ မဆိုးဝါးသည်တော့ ဖြစ်နိုင်သည်.

သည်လူသားသည် ဆူး အတွက် လောကတွင် ရှိရန်မလိုသော လူ ဖြစ်သည်.
ဟုတ်သည်.
သည် လူသားသည် ဆူး အတွက်၊ ဆူး နှင့်ဘဝတူသော တခြားသူတွေ အတွက် လောကတွင် မရှိသင့်သော သူဖြစ်သည်.

အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)Onde histórias criam vida. Descubra agora