"ဆူးလည်း လိုက်ချင်တယ်...."
ပတ်ချန်ပေါင်ပေါ် မေးတင်ထားသော ဂျစ်တူးပေါက်စလေးက ပတ်ချန်သို့ သွားမည့် ခရီးကို လိုက်ရရေးအတွက် အစွမ်းကုန် ကြိုးပမ်းတောင်းဆိုနေလေသည်.
"ကလေးငယ်ရယ်.....ကလေး ပင်ပန်းမှာ ကိုယ်က စိတ်ပူလို့ မခေါ်ချင်တာပါ...."
ကလေးပေါက်၏ ခေါင်းကို ဖွဖွလေးသပ်ကာ အချိုသပ်ပြောနေပေမယ့် အမှန်တကယ် မခေါ်ချင်ရသည့် အကြောင်းအရင်းက သပ်သပ်ရှိသည်.
"ဟင့်အင်း.....အရှင်ကိုယ်တိုင်ပါနေတာပဲကို...ဆူး ပင်ပန်းလည်း ဘာအရေးလဲလို့..."
ခေါင်းလုံးလုံးလေးက ပေါင်ကို ပွတ်ကာတိုက်ကာနဲ့ ဂျီကျနေလေသည်.
ဒီကလေး....တဆိတ် ဆိုးသွမ်းလွန်းလာသလားလို့..
ဟိုအရင်တုန်းကလို ပတ်ချန်အား ကြောက်ရွံသည့် ပုံရိပ်ကလေးက ဖမ်းလို့ပင်မရတော့...
ရဲတင်းကာ ပတ်ချန်ကိုပင် ဂျီတိုက်ရဲသည်အထိ ဖြစ်လာသည်.ထိုသို့ဖြစ်လာသည်ကလည်း ကိုယ့်ပယောဂရယ်ကြောင့်သာမို့ ပတ်ချန် ဘာမှတော့ မပြောမိ.
ချစ်မြတ်နိုးမိကြောင်း ဝန်ခံလိုက်သည့် အချိန်က ပတ်ချန်အား တစုံတရာမတုန့်ပြန်ပါဘဲ မျက်စိလေးကလယ်ကလယ်လုပ်ကာ ရှက်သွေးဖြာသွားခဲ့သော ဒီကလေးသည် ယခုအချိန်ထိလည်း ချစ်သည် ၊မချစ်ဘူး တစုံတရာမပြောဆိုပါဘဲ ပတ်ချန်အပေါ်ကိုသာ သိသိသာသာ ဆိုးသွမ်းလာခဲ့သည်.
ဂျီကျတတ်လာသည်.
မထိတထိကလေးတွေ စနောက်တတ်လာသည်.
တရံတခါ ဟန်မူလည်း ပိုပြလာတတ်ပြန်သည်.တချို့သောအချိန်များတွင်တော့ ပတ်ချန်အား ဘာရယ်အကြောင်းပြချက်မရပါဘဲ အနမ်းဖွဖွတို့ ပေးတတ်ပြန်သည်.
ကြောင်ဆိုးလေးတကောင်သဖွယ် ပတ်ချန်အပေါ် ချွဲနွဲ့ဆိုးသွမ်းတတ်သော ကလေးငယ်သည် ခုလည်း ပတ်ချန်အား ဂျီတိုက်နေပြန်သည်.
နှစ်လတကြိမ် သွားရလေ့ရှိသော နယ်မြေစစ်ဆေးရေးခရီးကို လိုက်ချင်ပါသတဲ့လေ.
ခရီးက အန္တာရယ်မရှိသော်လည်း ပတ်ချန်မခေါ်ချင်.
ပတ်ချနိအပါအဝင် ခရီးစဉ်ကို လိုက်ပါလာမည်ဖြစ်သော စစ်သည်တို့၏ အဓိကရည်ရွယ်ချက်ကြောင့် ဒီကလေးငယ်အား ခရီးကို မခေါ်ချင်ရခြင်း ဖြစ်သည်.
သို့ပေမယ့်လည်း ထိုသို့သော အကြောင်းခြင်းရာကြောင့် ကလေးငယ်အား မခေါ်လိုခြင်းပါဟု မပြောရဲ.
![](https://img.wattpad.com/cover/168413775-288-k833776.jpg)
ESTÁS LEYENDO
အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)
Fanficအချစ်သည် သင့်ထံတွင် စတင်၍ သင့်ထံ၌သာ အဆုံးသတ်သည်