ကိုယ် ရေချိုးပြီး၍ ကမ်းပေါ်တက်လာချိန်အထိ ရေထဲတွင် ပတ်ချန် ထားခဲ့သည့်အတိုင်းသာ ရှိနေသေးသည့် ကောင်လေးကြောင့် ပတ်ချန် စိတ်ပူလာရသည်.
အအေးပတ်မည်ကို စိုးရိမ်သလို ရေထဲတွင် ပတ်ချန်မသိအောင် တခုခုလုပ်လိုက်မည်ကိုလည်း စိုးရိမ်သည်.
မသိမသာနှင့် ကိုယ်ပေးထားသော ဓားမြောင်ကို ရှာကြည့်တော့ ကိုယ်ချွတ်ပေးထားသည့် အင်္ကျီ ပုံပေါ်တွင် တွေ့မှ စိတ်ချနိုင်သည်.
သူကိုယ်တိုင် မတက်လာနိုင်သည်ကို သိပေမယ့် သွားခေါ်ပေးဖို့ကလည်း သူ ဝတ်နေကျ ဘောင်းဘီငယ်က ကမ်းထက်မှာ အခန့်သားမို့ သွားလည်း မခေါ်ရဲ.
နဂိုကပင် ကိုယ့်အား ရမ္မက်ကြီးသူဂိုဏ်းသွင်းထားသော ကလေးငယ်သည် သူ့အား ဒီအချိန်တွင် သွားခေါ်ပါက အနားပင်ကပ်ခံတော့မည် မဟုတ်.
ထို့ကြောင့်ပင် ကောင်ငယ်လေးက လာခေါ်ပါဟု ပြောမည့် အချိန်အထိ ပတ်ချန်ကမ်းထက်မှ စောင့်နေလိုက်သည်.
ကောင်ငယ်လေး လှမ်းခေါ်မည့်အချိန်ကို စောင့်နေသော်လည်း အားအားလပ်လပ်နေကာ စောင့်နေရခြင်းမဟုတ်.
မီးမွှေးကာ ထိုကောင်ငယ်လေးနှင့် ကိုယ်စားရန် အတွက် မနက်စာမဟုတ် နေ့လည်စာမဟုတ်သော အစာကို ပြင်ဆင်ရသည်.
ရေချိုးရင်းရှာလာခဲ့သော ငါးတို့ကို ကြည့်ရင်း ဆယ့်ငါးနှစ်သားမှပင် စကာ စစ်သည်ဖြစ်ခဲ့သော ကိုယ့်ကိုကိုယ် ကျေးဇူးတင်မိသည်.
ထို့ကြောင့်သာ ပတ်ချန်အခုအချိန်တွင် အကောင်ငယ်လေးနှင့် ကိုယ် စားရန်အတွက် အလွယ်တကူ ရှာနိုင်ခြင်း ဖြစ်သည်.
ငါးတို့ကို တံစို့ထိုးကာ မီးပြထားချိန်မှာတော့ ပတ်ချန် သိသမျှ ဆေးပင်တို့ကို ရှာရသည်.
ကောင်ငယ်လေး၏ ဒဏ်ရာပလပွကို သူ ဆေးထည့်ပေးရမည်မို့ ဆေးလိုအပ်သည်.
အနာအမြန်ကျက်စေရန်အတွက် လိုအပ်သော အရွက်တို့ကို ရှာပြီးချိန်အထိ သကောင့်သားပေါက်စက ရေထဲတွင်သာ ရှိသေးသည်.
တုန်ရင်ချင်နေသော နှုတ်ခမ်းတို့ကို သွားနှင့်ကိုက်ကာ ထိန်းထားပြီး လက်နှစ်ဖက်ကိုလည်း ပိုက်ထားသော ပုံလေးကြောင့် ထိုကောင်ငယ်လေး အေးနေပြီမှန်း ပတ်ချန် သိသည်.
မဖြစ်တော့...
ထင်လက်စနဲ့.... နှာဗူးလို့သာ ဆက်ထင်ပါစေတော့လေ...
သူ မခေါ်လည်းဘဲ ကိုယ်ကပဲ ဆင်းခေါ်လိုက်ပါတော့မယ်...
ВЫ ЧИТАЕТЕ
အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)
Фанфикшнအချစ်သည် သင့်ထံတွင် စတင်၍ သင့်ထံ၌သာ အဆုံးသတ်သည်
