အချစ်ဖြင့် လောင်ကျွမ်းကြသူများ-၉

1K 138 15
                                    

ရိက္ခာထုပ်ကို ပိုက်ကာ နောက်ပြန်မလှည့်စတမ်း ပြေးလွှားနေသူသည် အကောင်ငယ်လေး.
အဖော်မပါ တကိုယ်တည်း ပြေးလွှားနေသူမို့ စိတ်ပူကာ တားဆီးချင်ပေမယ့် အသံတို့က ထွက်မလာ.
လမ်း ခရီးမကျွမ်းကျင်မှန်း သိသာစွာပင်
တနေရာရောက်လိုက် တခါထိခိုက်မိလိုက်နှင့် အလဲလဲ အကွဲကွဲ.
သို့ပေမယ့်လည်း ပြေးမြဲ ပြေးဆဲပင်.

.....................................................
ပတ်ချန် မက်သည့် အိမ်မက်ကြောင့် မနက်မိုးသောက်၍ လေ့ကျင့်ရေးစချိန်တွင် အကောင်ငယ်လေးကို မျက်စိဝေ့ကာ ရှာကြည့်တော့ မတွေ့.

နေ့လည် ထမင်းစားချိန်တွင် ထပ်ကာ ရှာကြည့်တော့လဲ မတွေ့.

ညနေ လေ့ကျင်ရေးသိမ်းချိန်တွင် ရှာကြည့်တော့လဲ မတွေ့.

တောလိုက်သွားသော အုပ်စုနှင့်လိုက်သွားသည် ဟုသာ စိတ်ကို ဖြေတွေးရင်း ပတ်ချန် နေလိုက်ရသည်.

......................................................
ပြေးရင်း လွှားရင်းနှင့် လာခဲ့သည်က အရှေ့တောင်အရပ်ကို ဝင်ခဲ့ပြီဆိုသည်ကို အကောင်ငယ်လေး မသိ.
သစ်ပင်ကို မှီကာ နားရင်း အိပ်မောကျသွားသည့် အကောင်ငယ်လေး.

မိုက်လိုက်ပါဘိ.
ဒီလို ဓားပြတွေချည်း ရှိတဲ့အရပ်မှာ ဘယ်နှယ့် စိတ်လက်အေးအေး အိပ်နေနိုင်ရသလဲ.

ထ... အခုထ...
အိပ်နေတာ အခုထစမ်း....
ပတ်ချန် အကောင်ငယ်လေး၏ ခေါင်းကို ဆတ်ဆတ်ရိုက်ကာ နှိုးလိုက်ပေမယ့် ပတ်ချန်လက်တို့က အကောင်ငယ်လေးကို မထိ.
လေကိုသာ ရိုက်သည့်နှယ်.

ကျစ်....အိမ်မက်ပြန်ပြီ..

......................................................
ပတ်ချန် ယနေ့လည်း မနေ့ကနှယ် အကောင်ငယ်လေးကို ရှာသည်.
ထိုနည်းလည်းကောင်းပါပဲ.

အကောင်ငယ်လေးကို မတွေ့....

အိမ်မက်ထဲကလို အကောင်ငယ်လေး ခရီးနှင်နေလေသလား ဟု အတွေးပေါက်တော့ စိတ်လက်မကြည် ဖြစ်ရပြန်သည်.

နေရ ထိုင်ရ ခက်ပေစွ...

......................................................

ဓားပြတစု ဝိုင်းဝန်းကာ ကန်ကျောက်ရိုက်နှက်ခြင်းကို ခံနေရသူသည် မည်သူနည်းဟု ပတ်ချန်သိလိုကာ ဓားပြများအကြား ဝင်ကြည့်တော့ မျက်လုံးပြူး မျက်စံပြူး နှင့် အပြေးအလွှား ဝင်ရောက်ဆွဲဖယ်ရသည်.

အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)حيث تعيش القصص. اكتشف الآن