အချစ်ဖြင့် လောင်ကျွမ်းကြသူများ-၂၀

196 37 5
                                    


တပ်စခန်းတစ်တွင်းလုံး အုန်းအုန်းထ ဆူညံပျော်ပါးနေကြသည်။
ရေမြေ့သခင် အရှင်အလက်ဇန္ဒြား၏ ခွင့်ပြုမိန့်နှင့် ကျင်းပရသည့် ဂုဏ်ပြုပွဲမို့
အပျော်အပါးတို့က အတားမရှိ အဆီးမရှိ။
သောက်တဲ့သူကသောက် မှောက်တဲ့သူကမှောက်။
စေတနာပိုစွာ မိန်းမပျိုအချို့ကိုပါ စွန့်ကြဲပေးလိုက်သည်မို့ ကြမ်းသူကကြမ်း ရမ်းသူကရမ်းနှင့် တပ်စခန်းတခုလုံး ပွက်ပွက်ထနေသည်။

တပ်တွင်းရှိ လူအစ ခွေးအဆုံးပျော်နေကြပေမယ့် အများပျော်လို့ မပျော်နိုင် ရည်းစားပျောက်ကာမှိုင်နေသူကတော့ ဆူးပင်ဖြစ်သည်။
မူးမှောက်ကာ ပျော်နေကြသူများအကြား
ယမကာအိုးကိုကိုင်ကာ ဝိညာဥ်လွင့်နေသူတစ်ယောက်လိုပင်။

"ဟား...ဟား...ဟား...
ကြောင်ပေါက်ကို ကြည့်စမ်းပါ့....
သေရည်အိုးကို ကိုင်ထားတာ ကျစ်ကျစ်ကိုပါလို့...

ငါတို့ကသာ သေရည်အိုးကိုကိုင်နေရတာဟေ့..

ငါတို့ရဲ့သူရဲကောင်းကြီးကတော့ တခြားဟာကို
ကိုင်နေလောက်ပြီ.....ဟား...ဟား..ဟား..."

အမူးလွန်နေတဲ့ ဆူးနဲ့အိုးစားတူစစ်သည်တယောက်ရဲ့ စကားကြောင့် ဆူးတချက်တုန်တက်သွားရသည်။
အရှင်သည် အခုဆို အရှင်မ မာဗီနှင့် ခန်းဆောင်ဝင်နေလောက်ပြီလေလား?

တွေးမိသောအတွေးကြောင့် မွန်းကျပ်နေသည့်
စိတ်အစုံက ပိုနောက်ကျိလာရသည်။
အသက်ပင်ရှုမရတော့သလိုလို။

ပြည့်ရဲ့သားကောင်း စစ်သေနာပတိချုပ်နှင့်
နိုင်ငံသမီးတော် တို့ ပေါင်းစည်းလက်ထပ်မှုဟာ
လိုက်ဖက်သည်ထက်ပိုသော တင့်တယ်မှု၊
ဟိုးအရင်ကပင် အရှင်မ မာဗီ၏ခင်ပွန်းလောင်းအဖြစ် သတင်းမွှေးခဲ့သော စစ်သေနာပတိချုပ်
ပတ်ချန်နှင့် အရှင်မ၏ လက်ထပ်ပွဲသည်
ရောမသားတို့၏ အပျော်ကိုဆောင်ကြင်းပေးသည့်ပွဲ၊
တိုင်းပြည်တခွင်လုံးရှိ အပျော်လုံးဆို့ကာ
ကောင်းချီးမင်္ဂလာပေးကြသည့် ပွဲဆိုပေမယ့်
ဆူးမှာတော့ မပျော်နိုင်ပေ။

လူသာမန်နှင့် ယှဥ်လျှင်ပင် တဆင့်နိမ့်ကျနေသည့် ကျေးကျွန်တယောက်ဖြစ်သောဆူးသည်
နိုင်ငံ၏သမီးတော် မာဗီအလက်ဇန္ဒြားဟူသော
အမျိုးသမီးထံမှ ချစ်ရသူကို မည်သို့လုယူရမည်နည်း။
ကောင်းခြင်းအဖြာဖြာနှင့် ပြည့်စုံသောအရှင်မအား အရှင်မြတ်နိုးနှစ်သက်မသွားစေရန်
မည်သို့ တားဆီးရမည်နည်း။
အဖြေမဲ့သော မေးခွန်းများစွာကြားတွင်
ဆူး ငိုချင်လာရသည်။

အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)Nơi câu chuyện tồn tại. Hãy khám phá bây giờ