အချစ်ဖြင့် လောင်ကျွမ်းကြသူများ (၂)

1K 115 17
                                        

အသည်းခိုက် နာကျင်အောင် ဝိုင်းဝန်းပြောဆိုမှုများ.
ကိုကိုကျောပေါ်မှ ကာပေးထားသည့်တိုင် ဆူးအား ထိမိသည့် ရိုက်နှက်ကန်ကျောက်မှုများ.

"အလကား သူခိုးတွေ...
သနားမနေနဲ့.... ရိုက်..ရိုက်...
ရိုက်ကြ..."

အပြောနှင့်အလုပ်ညီစွာ ဝိုင်းဝန်းရိုက်နှက်နေကြသော ရောမပြည်ဖွား အေသင်မြို့သားတို့အား ဆူးတို့ဘာမှ မတုံ့ပြန်နိုင်....

"ဘာဖြစ်နေကြတာလဲ..."

"သူခိုး... ဟုတ်လား...."

"သူခိုးဆိုရင် ဘယ်လိုပြစ်ဒဏ်ပေးရတယ်ဆိုတာ မငိးတို့နားမလည်ဘူးလား..."

ဥပဒေကို နားလည်ကြောင်း ဓားကိုထုတ်ကာ ကိုကို့လက်ပေါ်တင်လိုက်သည့် ရောမသားတစု...

"တိုတယ်...လက်မောင်းရင်းက ဖြတ်လိုက်..."

စကားကို ယတိပြတ်ဆိုကာ တချက်ပင် လှည့်မကြည့်ဘဲ ထွက်သွားသည့် ထိုလူသား...

ရောမသားတို့စနစ်ကြောင့် လက်မောင်းရင်းမှသည် ပြတ်ကျလာသည့် ကိုကို၏ လက်နှစ်ဖက်.

အသည်းခိုက်အောင် နာကျင်နေသည့်ကို ဖော်ပြနေသည့် ကိုကို၏ အော်သံနက်နက်...

သွေးသံရဲရဲနှင့် အော်ဟစ်ငိုကြွေးနေသောကိုကို့နှင့် တဆတ်ဆတ်တုန်ရင်ကာ ကြောက်ရွံနေသော ဆူးကို ဟာသသဖွယ် လှောင်ပြောင်နေကြသော ရောမပြည်သားများ.....

လူတစ်ဦးတစ်ယောက်အား အသည်းခိုက်အောင် ကြောက်ရွံ့နာကြဉ်း ရွံရှာမှုသည် ထိုအချိန်မှ စတင်ခဲ့သည်.

......................................................

"အား............"

တုန်လှုပ်စွာ အော်ဟစ်ကာ ဆူး အိမ်မက်မှ လန့်နိုးလာသည်.
ဆူး၏ အော်သံကြောင့် နိုးလာသော ကိုကိုက ဆူး ထိတ်လန့်မှု သက်သာစေရန် အလို့ငှါ အနားသို့ တိုးကပ်လာသည်.
ဆူး တုန်ရင်နေသည့်ကြားမှ ကိုကို့ကို လှမ်းဖက်ကာ ကိုကို့ပုခုံးပေါ် ခေါင်းတင်ကာ ကြောက်စိတ်ကို အသာဖြေမိသည်.
ဆူး ကိုကို၏ တန်ပြန်ပွေ့ဖက်မှုနှင့် ဆူးအား ကလေးသဖွယ် ကျောပြင်လေးအား အသာပုတ်ပေးစေလိုသော်လည်း ကိုကို့တွင် ထိုသို့ ပြုမူနိုင်ရန် လက်အစုံမရှိ...
လူ လူချင်း ညာတာမှုကင်းသော ရောမသားတစုကြောင့်...
သက်ညာထောက်ထားမှုကင်းသော ထိုသူတယောက်၏ အမိန့်စကားကြောင့်
ကိုကို၏ လက်အစုံသည် သူခိုး ဟူသော ဝေါဟာရအောက်တွင် ဖြတ်တောက်ခြင်းခံလိုက်ရသည်.

အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)Место, где живут истории. Откройте их для себя