မြင်းတကောင်ပေါ် လူနှစ်ယောက်အတူ စီးရသည်က တော်တော်လေး ကသိကအောက်ဖြစ်သည်.
အရွယ်ရောက်ပြီး ယောက်ျားသား နှစ်ယောက် အတူစီးရသည်ဆိုမှတော့ ဆိုဖွယ်ရာ စကားပင် မရှိတော့ချေ.ထို့ပြင် ဒဏ်ရာတို့ကလည်း နေရောင်မြင့်လာသည်နှင့်အမျှ တဆစ်ဆစ်ထိုးပြီး ယားယံလာသည်.
သို့ပေသိ ဆူး အား ကျောမှသည် သိုင်းကာ ချုပ်ဖက်ထားပြီး မြင်းဇက်ကြိုးကို ထိန်းထားသော လူကြောင့် လှုပ်မရ ၊
ကုတ်မရ...
ဟိုဟိုဒီဒီ ကုတ်ချင်ထိချင်ရင်းပဲ လှုပ်လှုပ်ရွရွ ဖြစ်လာတော့ မျက်နှာကို ရှေ့တည့်တည့်ရှုပြီး မြင်းဇက်ကြိုးကို ထိန်းနေသည့် သူက ဆူး အား စောင်းငဲ့ကာ ငုံ့ကြည့်လာသည်.
ဆူး ကလည်း ဘာသိဘာနဲ့ အပေါ်ကို မော့အကြည့်နှင့် ဆုံသည်.ခဏလောက် နားကြရအောင် ဟူသော စကားစုကို ဘယ်သို့သော ဝေါဟာရသုံးကာ ပြောရမည်ကို အတွေးများနေစဉ်ရင်း အကြည့်မလွဲမိတော့ သူကလည်း ကိုယ့်အား လျော့ရဲရဲ ငုံ့ကြည့်နေသည်.
အတန်ကြာကာမှ သူက အရင်အကြည့်လွဲသွားသည်မို့ ကိုယ့်မှာ ဘာမှ မပြောလိုက်ရ.တောထဲကို ဆက်ဝင်လာရင်းမှ အရိပ်ကောင်းသော နေရာသို့ ရောက်ကာမှ မြင်းဇက်ကို ဆွဲကာ တုံ့လိုက်သည့် သူ့ကြောင့် ဆူး တို့ နားရတော့မည်ကို သိသည်.
သူက အရင်ဆင်းသွားပြီး တောထဲသို့ ဝင်သွားသည်.
ဆူးမှာသာ မြင်းတစ်ကောင်နှင့်.
မြင်းပေါ်ကလည်း မဆင်းရသေး.
ခြေထောက်တို့က မထောက်နိုင်သေးသည်မို့ ဟိုလူကြီးသာ မြင်းပေါ်မှ လာမချပေးလျှင် ဆင်းရဖို့ လမ်းလည်း မမြင်.တော်တော်ကြာတော့ ထိုလူကြီး ဆူး ရှိရာတို့ ပြန်ရောက်လာသည်.
မြင်းပေါ်မှ ဟိုဟိုဒီဒီကြည့်နေသော ဆူး ရှိရာသို့ လာပြီး လက်ကို ကမ်းလာသည်.
တစ်ဖက်တောင် မဟုတ်.
လက်နှစ်ဖက်ကို ကမ်းသည်.
ကလေးသူငယ်လေးများကို ချီဟန် ပွေ့ဟန်အတိုင်း လက်နှစ်ဖက်ဆန့်ကာ ကမ်းပေးနေသောကြောင့် ဆူး မဆင်းချင်သော်လည်း မြင်းပေါ်တွင် ငုတ်တုတ်ဖြစ်နေသော ဆူးကို သူကပဲ ဆွဲချသွားသည်မို့ ဆူး သာ သူ့လက်များအကြား နောက်တကြိမ် ပါသွားခဲ့ရသည်..
BINABASA MO ANG
အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)
Fanfictionအချစ်သည် သင့်ထံတွင် စတင်၍ သင့်ထံ၌သာ အဆုံးသတ်သည်