စစ်စခန်းတွင် ထားခဲ့သည့် အထောက်တော်ထံမှ သတင်းရလျှင် ရခြင်း ချက်ချင်းပင် ပတ်ချန် စခန်းသို့ ပြန်လာခဲ့သည်.
သာမန်အားဖြင့် အချိန်နှစ်ရက်ကြာတတ်သော ခရီးသည် ကြားရသည့် သတင်းအပေါ် စိုးရိမ်ပူပန်မှုတို့ကြောင့် လိုသည်ထက် စောကာ စခန်းသို့ ရောက်သည်.
သို့သော်.
ပတ်ချန် ပြန်ရောက်နေပြီ ဆိုသည်ကို လူသိ၍ မဖြစ်သောကြောင့် စခန်းရှိရာသို့ မသွား.
ပတ်ချန် ရှိနေပြီမှန်း သိလျှင် သူလျှိုသည် ပတ်ချန် ရုတ်တရက် ပြန်ရောက်လာခြင်းသည် သူတို့အား ခြေရာခံမိသွားခြင်းကြောင့်ဆိုတာကို သတိထားမိကာ ရှောင်သွားနိုင်သည်.
ထိုသို့ အဖြစ်မခံနိုင်.
သူလျှို ကို အမိဖမ်းနိုင်ရမည် .
ပတ်ချန် ဟူသော သူ့ ကိုမှ လာရောက်အကဲစမ်းသော ထို သူလှျို ကို အမိဖမ်းကာ အမြစ်က လှန်ပစ်မည်ဟု တေးကာ သတင်းရထားသည့် အတိုင်း စခန်း တောင်ဘက်ရှိ စမ်းချောင်းအနီးတွင် ပတ်ချန် တိတ်တဆိတ် စောင့်နေလိုက်သည်.
နေကွယ်ပြီး တဖြည်းဖြည်း ညနက်လာပြီမို့ ပတ်ချန် သတ်မှတ်နေရာက စောင့်နေလိုက်သည်.
စမ်းချောင်းအထက်ပိုင်းသည် ပတ်ချန်တို့ သွားလေ့မရှိ.
မုဆိုးတို့ ကျင်လည်ရာဖြစ်ပြီး ထောင်ချောက်တွေလည်း များသည်မို့ တော်ရုံဆိုလျှင် အသွားအလာပင် မလုပ်.
ခုချိန်မှာတော့ သူလျှို ကောင်တို့သည် မည်သူဖြစ်သည် ဆိုသည်ကိုလည်းကောင်း ၊ မည်သူ့တပ်စိတ်မှ ဆိုသည်ကို လည်းကောင်း ၊
ဘယ်သို့သော အကြောင်းအရာတို့ကို သတင်းလက်ဆင့်ကမ်းသည်ကို လည်းကောင်း စသည့်လည်းကောင်းများစွာတို့ကို သိရနိုင်ရန် အောက်ခြေစမ်းချောင်းအနိမ့်ပိုင်းကို ရှင်းလင်းစွာ မြင်ရသည့် အထက်ပိုင်းကို ယူထားရလေသည်.
ထောင်ချောက်အမျိုးမျိုးတို့ ရှိတတ်သည်မို့ အလင်းရောင် ကောင်းကောင်းရချိန်ကပင် သတိကြီးကြီးထားကာ နေရာယူထားရသည်.
ညရောက်လျှင်တော့ နေရာမှ အနည်းငယ်သော်မျှ မရွေ့ရန် စဉ်းစားထားသည်.
ညအတန်နက်၍ လ ပင် မြင့်နေကာမှ သတင်းရထားသည့် အတိုင်း သူလျှိ ဟု ဆိုနိုင်သော လူတယောက် ခြုံ ထည်တခုကို လွှမ်းခြုံကာ စမ်းချောင်းရှိရာသို့ ရောက်လာသည်.
ВЫ ЧИТАЕТЕ
အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)
Фанфикшнအချစ်သည် သင့်ထံတွင် စတင်၍ သင့်ထံ၌သာ အဆုံးသတ်သည်
