အချစ်ဖြင့် လောင်ကျွမ်းကြသူများ -(၃)

956 113 17
                                        

အဆီကိုစား၍  အသားကိုမြိုသော ကြောင်ပါးအိုကြီး၏ ဝါးမြိုသိမ်းပိုက်မှုတွင် ဆူး ဘယ်လိုမှ မလူးသာ မလွန့်သာ.
မိမိအား ထောင်ချောက်ဆင်ကာ ထောင်ဖမ်းခဲ့သော မုဆိုးဟာ ထိုသူဆိုတာကို သိပါလျက် ထိုသူ၏ လက်တွင်းမှာပင် ဘဝကို မြှပ်နှံရသည့် အဖြစ်.
ကိုယ့်ဘဝကို ရွံရှာနာကြဉ်းပြီး ဘဝကို အဆုံးသတ်လိုက်ချင်ပေမယ့် ကိုကိုက ရှိသေးသည်.
အသက်တချောင်းမြဲဖို့ ဘဝတခု ရင်းလိုက်ရသည့် အဖြစ်.
လောကကြီး၏ မျက်နှာသာမပေးမှုနဲ့ အသားကျလာသည့် ကိုယ့်ဘဝကို နာကြည်းပေမယ့် ဒါဟာ ပြစ်ဒဏ် တခု ဝဋ်ကြွေးတခု ဆိုရင် ဒီဘဝတင် အဆုံးသတ်စေဖို့ ရည်ရွယ်တာမို့ အဆုံးစွန်အထိ ပေးဆပ်မည်.

သာယာမှုဆိုတာ ဘယ်မှာမသိ.
တရစ်ရစ်တိုးလာသည့် နာကျင်မှုတွေကြောင့် နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိသည်.
အားနှင့် အင်နှင့် တိုးဝင်ခြင်းက သူတစ်ဦးသာရဲ့ သာယာမှုကို အရယူဖို့အတွက်.
မာယာများသော ကြောင်အိုပါးက ဆူး၏ အသံတို့ကို ငံလင့်ဟန်နှင့် အမိန့်တခုပေးကာ တင်စိုင်လုံးလုံးကို အားကုန် လက်လွှဲရိုက်သည်.

"အော်လေ...မင်းေ-ာက်သံ မထွက်တာက မသာယာဘူးဆိုတဲ့ သဘောလား...."

ဒီအဖြစ်အပျက်တွေကို မေ့ဖျောက်ချင်ပြီး အသိစိတ်ထဲတွင် မထားချင်သဖြင့် အားကုန်ခဲကာ ကိုယ့်ကိုကိုယ် ထိန်းနေကာမှ ကြောင်အိုပါးဟာ သေခါနီးကြွက်ငယ်တကောင်ရဲ့ ကြောက်လန့်တကြားအော်ဟစ်သံကို မြူးတူးနှစ်ခြိုက်သလို ဆူး၏ ညည်းသံတို့ကိုလည်း တောင်းဆိုလာသည်. ဟန်ဆောင်ညည်းသံတို့ကို ခပ်တိုးတိုး ထုတ်မိတော့ ပိုမိုကြမ်းတမ်းလာသည့် လူအိုကြီး.
ခါးသိမ်သိမ်ကို ဆွဲကာ ၊ တင်စိုင်ငယ်ကို ရိုက်ကာ အကြမ်းပတမ်း စားသုံးနေခြင်းက ဆူး၏ ဘဝကို တတိတိ ဖျက်ဆီးနေသည့် ခြအိုကြီး၏ သရုပ်မှန်ကို ဖော်ပြလျက်.

"အရှင်ကြီး...
ရှင် အထဲမှာ ရှိတယ်မို့လား.."

တံခါးနှစ်ထပ်ပိတ်ထားသည့် ကြားမှ ထွက်လာသည့် တံခါးခေါက်သံ သဲ့သဲ့နှင့် မိန်းမအသံတခု...

ဒါဟာ အိမ်တော်ထိန်းကြီးအား အရှင်ဟု အမြဲတစေခေါ်တတ်သည့် အိမ်တော်ထိန်းကြီး၏ ကာမပိုင် မယားကြီး၏ အသံဆိုတာကို ဆူးရော အိမ်တော်ထိန်းကြီးပါ သိသည်.

အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)Opowieści tętniące życiem. Odkryj je teraz