"ယခင်စိတ်ဝယ် ထင်ခဲ့ဖူးသည့်
အစွယ်ပြိုပြို ညောင်ပင်အိုသည်
ယခု စိတ်ထင် လှသည်ပင်.
ယခင်စိတ်ဝယ် ရွံကြောက်ဖူးသည့်
လက်နက်လှံဓား ဤလေးမြှားသည်
ယခုစိတ်ဝယ် လှသည်ပင်.
ယခင်စိတ်ဝယ် ယှဉ်မတိုးဝံ့သည့်
တောအုပ်ထူထူ ချုံနွယ်မြူသည်
ယခုစိတ်ဝယ် လှသည်ထင်.
ယခင်စိတ်ဝယ် မျက်မုန်းကျိုးသည့်
မာနထောင်လွှား ဤသခင်အားလည်း
ယခုစိတ်ဝယ် လှသည်ပင်.
သြော်......ငါသည် အချစ်နှင့် တွေ့လေပြီ...."
မြင်မြင်သမျှ သြကာသလောကကြီးသည် အလှတရားတို့က အတိ.
စစ်တဲတို့အပေါ်မှ တံခွန်သည် လေဝေ့တိုင်းလွှင့်ကာ လှပ်၍ လှသည်.
ဓားရေးလှံရေးပြကာ လေ့ကျင့်ရေးဆင်းနေသော စစ်သည်တို့သည် အားမာန်အပြည့်နှင့် လှသည်.
မီးဖိုဆောင်မှ ချက်ပြုတ်နေကြသည့် စားတော်ကဲတို့ကလည်း ချွေးတလုံးလုံးနှင့် လှသည်.
ဒဏ်ရာကျက်ပြုစပြီဖြစ်၍ လမ်းထွက်လျှောက်သော သခင့်ကို ဘေးမှ ဖေးမကာ တွဲပေးရင်း လမ်းမှမြင်ရသော အရာအားလုံးတို့က လှပနေသည်ဟု ဆူးထင်သည်.
.................... ...............................
သတိရလာသည့် အချိန်မှစ၍ အခုအချိန်ထိ ပတ်ချန်ဘေးတွင် ရှိနေသော ကောင်ငယ်လေးကြောင့် ပတ်ချန်မှာ မသိမသာပျော်ရသည်..
ပတ်ချန်တဲကိုလာကာ လူနာလာမေးသည့် ကောင်ငယ်လေး၏ စိုးရိမ်မှုတို့ကို မြင်ရသည့်အချိန်က ဒဏ်ရာရခဲ့သည့် ကိုယ့်အဖြစ်ကိုပင် ကြိတ်ပျော်ရသေးသည်.
ကောင်ငယ်လေး၏ မျက်ရည်တို့ကိုယ်အတွက် ဖြစ်တည်လာချိန်တွင်တော့ ပတ်ချန်ဆိုဖွယ်ရာ စကားပင်မရှိတော့သည်အထိပင်.
ထိုနေ့မှစ ရင်းနှီးခဲ့ရသော ကောင်ငယ်လေး၏ နှုတ်ခမ်းနုနုတို့ကို ပတ်ချန် စွဲလမ်းမြတ်နိုးမိနေပေပြီ.
ဒဏ်ရာကြောင့် ရေမချိုးနိုင်သော ပတ်ချန်အား ရေပတ်တိုက်ပေးချိန်တိုင်း သူကပင် ရှက်သွေးဖြာကာ ပန်းသွေးစွန်းနေတတ်သော ဟန်ပန်လေးအား တနေ့မှမမြင်ရ၍ မဖြစ်သောအနေအထားဖြစ်နေပြီ.
ဒဏ်ရာက တော်တော်လေးသက်သာကာ အရှင်းပျောက်လုနီးနီးဖြစ်နေပေမယ့် ပတ်ချန် ထိုအကြောင်းကို ကောင်ငယ်လေးအား မပြောဖြစ်ပေ.
ပတ်ချန်အား စိုးရိမ်ကာ အနားတွင် အမြဲလိုပင် ကပ်တွယ်နေသော ထိုကလေးငယ်၏ ပုံရိပ်ကလေးကို ပတ်ချန်ချစ်မြတ်နိုးလွန်း၍ ဖြစ်သည်.
VOCÊ ESTÁ LENDO
အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)
Fanficအချစ်သည် သင့်ထံတွင် စတင်၍ သင့်ထံ၌သာ အဆုံးသတ်သည်
