လှုပ်တီလှုပ်လဲ့သွားနေသော မြင်းပေါ်တွင် လူကြီးရင်ခွင်အတွင်းထိုင်ကာနေရင်းမှ ဆူး သိချင်နေသောအရာကြောင့် ဆူး နောက်ရှိလူကြီးအား လှည့်မကြည့်ဘဲ တံတောင်နှင့် အသာတွက်လိုက်သည်.
တံတောင်နှင့် တွက်သည်ကို အသိအမှတ်ပြုသည့်အနေနှင့် အင်း ဟု အသံပြန်ပေးသည်.
"ဟိုလေ...ဆူး သိချင်တာ ရှိလို့ပါ...
ခုဆို ၄ ရက်ရှိပြီလေ.
စခန်းကို ပြန်မရောက်သေးဘဲ ဒီတောထဲမှာပဲ လည်နေတာ.
အရှင် မျက်စိလည်ပြီး လမ်းပျောက်နေတာလားဟင်..."
ဆူး၏ အမေးကို ပြန်မဖြေဘဲ အသံတိတ်နေသော လူကြီးကြောင့် ဆူး မကျေမချမ်းဖြစ်သွားသည်.
ဒီလူကြီး သူလမ်းမှားတာကို ရှက်နေတာလား.
အေးလေ...သူလို လူမျိုးက အရှက်ရစရာကိစ္စဆိုတာ ဘယ်ရှိဖူးပါ့မလဲ.
ခုမှ ကြုံဖူးတာဆိုတော့ ဝန်မခံချင်ဖူးပေါ့.
တွေးရင်း ဆူး အူမြူးလာတာကြောင့် တက်ကြွလာမိသည်.
"ဟင်....ဟင်လို့....ဟုတ်တယ်မို့လား....
အရှင် လမ်းပျောက်နေတာ မို့လား...."
ဆူး အားတက်သရောနှင့် လူကြီးကို နောက်ပြန်မော့ကြည်ကာ မေးလေတော့
လူကြီးက တချက်ငုံကြည့်ပြီး
"အင်း....မင်းရဲ့ ဒဏ်ရာတွေ မပျောက်မချင်း ကိုယ်လမ်းပျောက်နေဦးမှာ.
စခန်းကို ဒီပုံစံနဲ့ ကိုယ်ပြန်မခေါ်သွားနိုင်ဘူး...."
လေသံအေးအေးနဲ့ မထုံတက်သေး အေးတိအေးခေါက်ပြန်ပြောလာသည့် လူကြီး၏ အဖြေကြောင့် ဆူး နှုတ်ပိတ်ကာသာ နေလိုက်ပါတော့သည်.
ကြံကြံဖန်ဖန်ပင် ဆူးသည် သူလမ်းမှားရခြင်း၏ တရားခံပါပေတဲ့...
......................................................
လူကြီးက မြင်းပေါ်တွင် ခန့်ခန့်ကြီး ထိုင်စီးကာ ဆူးက ခြေလျင်လမ်းလျှောက်ရင်း မြင်း၏ ဇက်ကြိုးကို ကိုင်သည်ဆိုရုံလေး ကိုင်ထားပြီး လိုက်လာပါသည်.
အနေအထားအား မြင်ရရုံနှင့် တန်းသိနိုင်သည်က ဒါသည် စစ်သည်ချုပ်တယောက်နှင့် အငယ်တန်းတပ်သားတယောက်ဆိုသည်ကိုပါပဲ.
တပ်စခန်း၏ အချုပ်အချာဖြစ်သော သေနာပတိပတ်ချန်နှင့် အတူပြန်လာပြီး ဒုချုပ်ဖြစ်သူ သခင်လေးဂျွန်က ဖက်လှဲတကင်း ကြိုဆိုသည်မို့ ဆူး ခတ္တခဏပျောက်သွားခြင်းကို သိလိုရင်တောင် ပါးစပ်မဟရဲကြ.
အားလုံးက တိတ်တဆိတ်သာ အကဲခတ်ကြ စပ်စုစုံစမ်းကြသည်.
ပတ်ချန်ကိုယ်တိုင် ညှာတာပေးသောအခါ စစ်စခန်းသည် သာယာဖွယ်အတိနှင့် ချမ်းမြေ့သာယာလှပါပေသည်.
......................................................
VOCÊ ESTÁ LENDO
အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)
Fanficအချစ်သည် သင့်ထံတွင် စတင်၍ သင့်ထံ၌သာ အဆုံးသတ်သည်
