အချစ်ဖြင့် လောင်ကျွမ်းကြသူများ -(၇)

1.2K 143 63
                                        

လရောင်အောက်တွင် မြင်လိုက်ရသည့် အရိပ်ကလေးသည် ပတ်ချန် အိမ်မက်ထဲမှ ကလေးငယ်.

ထိုလူသားဟာ လက်တွေ့လောကတွင် အမှန်ရှိသတဲ့လား.
ပတ်ချန် ထင်ခဲ့သည်က လောကတွင်
အမှန်တကယ်မရှိသော လူအား သွေးလေခြောက်ခြားမှုကြောင့် မြင်မက်နေခြင်း ဟု.
သို့ပေမယ့် ဒီလူသားသည် လက်တွေ့လောက ပတ်ချန်တို့၏ ရောမပြည် ရောမစစ်တပ်အတွင်းမှာပင် ရှိနေလေသတဲ့.
ဒါဆို ဒီလူသားလေးနှင့် ပတ်ချန် ဆုံဖူးလေသလား ဟု တွေးသော်လည်း ပတ်ချန်သိသော မှတ်ဥာဏ်တို့တွင် ဒီလူသားပါဝင်သည့် အပိုင်းအစတို့က မရှိ.
တခါမှ မတွေ့ဖူးသည့် ဒီလူသားကို ဘယ်လိုအကြောင်းကြောင့် ပတ်ချန် ဤမျှ စိတ်စွဲနေရသနည်း...

မူမမှန်စွဲလမ်းမှုတခုနှင့် စွဲလမ်းနေမိသော ဒီလူသားကို လရောင်အောက် ရေပြင်လဲ့လဲ့တွင် အဝတ်ဗလာ အနေအထားနှင့် တွေ့ရခြင်းက ပတ်ချန် အတွက် ကောင်းသည့် ကိစ္စတော့ မဟုတ်.

အတွေးနှင့်ပင် ထကြွစေနိုင်စွမ်းသော ဒီလူသားအား ခုလိုအနေအထားနှင့် တွေ့မြင်ရခြင်းသည် ပတ်ချန်အား ယိုင်နဲ့စေသည်.
ရင်ပူ အာခြောက်ကာ တစုံတရာကို တောင်းတလာစေသည်.

တလက်လက်တောက်ပနေသော စမ်းရေပြင်ထက်တွင် မြူးတူးနေသော ယောက်ျားပျိုကို ကြည့်နေရင်းမှာပင် စိတ်တို့က မှောက်မှားလာသည်.
ထိုသူကို လိုအပ်မှုက သိသိသာသာ ဖြစ်လာသည်.
ပုခုံးထက်က အမာရွတ်ကလည်း အဝေးကမို့ ထင်ထင်ရှားရှား မမြင်ရသည့်တိုင် အိမ်မက်အရဆို ကျွန် ဆိုသည့် စကားလုံး သာ ဖြစ်လိမ့်မည်က အသေအချာပင်.

တဖြည်းဖြည်း ဆိုးရွားလာသော ကိုယ့်အခြေအနေ ကိုယ်ရိပ်မိတာမို့ ဒီမြင်ကွင်းကို ဆက်မကြည့်သင့်တော့ဟု ပတ်ချန်တွေးကာ နောက်ပြန်အဆုတ်
လာစဉ်က သတိထားကာ ရှောင်ခဲ့သော သစ်ရွက်ဖုံးသည့် ထောင်ချောက်ကို ဆင်းမိလေသည်.

ရုတ်တရက် ကျသွားသည်မို့ လန့်သွားသော်လည်း အသက်၁၅ နှစ်ကပင် စစ်တပ်ထဲဝင်ခဲ့သည့် အတွေ့အကြုံတို့အရ အလန့်တကြားထမအော်မိ.

ကျင်းအမြင့်ကို ကြည့်မိတော့ ပတ်ချန် အားအနည်းငယ်စိုက်ရုံနှင့် ပြန်ထွက်နိုင်သော အနေအထား.
ပြန်ထွက်ရန် လိုအပ်သော ပစ္စည်းတို့လည်း ပတ်ချန်တွင် ပါလာသလို လက်ခေါက်တချက်မှုတ်ရုံနှင့်ပင် ကြိုးချကာ တင်ပေးမည့် ပတ်ချန်ကိုယ်တိုင် လက်သပ်မွေးထားသည့် စီးတော်မြင်းလည်း ရှိသည်.
သို့ဖြစ်၍ ကျင်းအပြင် ပြန်ထွက်ရန်အတွက် ပန်ချန်စိတ်မပူ.
စိတ်ပူသည်က ခုချိန်သာ ပတ်ချန် အပြင်သို့ထွက်မိပါက ၊ ထိုကောင်လေးသာ စမ်းချောင်းထဲတွင် ရှိနေသေးပါက ဘာဆက်လုပ်မည် မသိသည်ကိုပင် ဖြစ်သည်.

အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)Donde viven las historias. Descúbrelo ahora